ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ ဆရာ ၊ဆရာမတွေ ကျုရှင်သင်တယ်လို့
တိုင်ကြားခံရရင် အရေးယူမယ်
အစိုးရ အခြေခံပညာကျောင်းတွေက ဆရာ၊ဆရာမတွေအနေနဲ့ အခကြေးငွေနဲ့
ကျူရှင်မသင်ဖို့ ညွှန်ကြားချက် ပေးထားတာမို့
ကျူရှင်သင်တယ်လို တိုင်ကြားမှုတွေ ရှိလာခဲ့ရင် စိစစ် အရေးယူသွားမယ့်အကြောင်း
ရှမ်းပြည်နယ် ပညာရေးမှူးရုံးရဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
.
■ တောင်ကြီး-အေးသာယာ
အတက်အဆင်းလမ်းမှာ မိုးရာသီ လမ်းချော်မှုတွေ ဖြစ်နိုင်
တောင်ကြီးမြို့နဲ့ အေးသာယာကို ဆက်သွယ်ထားတဲ့ ကရင်မ ရေထွက်လမ်းဆုံကနေ
ထုံးဖို လမ်းဆုံအထိ တောင်အတက်/အဆင်း လမ်းတစ်လျှောက်မှာ မိုးရာသီကာလ
လမ်းချော်မှုတွေနဲ့ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ယာဉ်မောင်းနှင်သူတွေ
သတိပြုမောင်းနှင်ဖို့ လိုအပ်နေပါတယ်။
.
■ အမေရိကန်နဲ့အီရန်တို့အကြား တိုက်ပွဲတွေ ပြန်လည်စတင်
ဟောမုဇ်ရေလက်ကြားမှာ အမေရိကန်ရဲ့အပါချီရဟတ်ယာဉ်တစ်စီး ကို အီရန်ဖက်က
ပစ်ချလိုက်ပြီးတဲ့ နောက် နှစ်နိုင်ငံ အကြား အပစ်ရပ် စာချုပ်က အလကား ဖြစ်သွားပြီး
အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန် လုပ်နေပါပြီ။ အီရန်နိုင်ငံထဲက ကီရှန်ကျွန်း၊
ဆီရစ်၊ ဂျက်ရှ်နဲ့ ဘန်ဒါအဘက်စ် ဒေသတွေမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့်
ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
.
#KBZTai #Shan #Broadcasting
.
Link
- https://youtu.be/QZJG_Ie79es
No comments:
Post a Comment