တောင်ကြီးတွင် ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 1, 2026

တောင်ကြီးတွင် ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှု ဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်ဘက်အထွက် ၂ မိုင်၊ ပန်းချယ်ရီအိမ်ရာစီမံကိန်းအနီးတွင် ပြီးခဲ့သည့် မေလ ၃၀ ရက်၊ ညနေပိုင်းက ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှင့် ဖုန်း အလုခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

တောင်ကြီးမြို့နေ အမျိုးသမီးတစ်ဦးသည် မေလ ၃၀ ရက်၊ ညနေ ၃ နာရီခန့်က ကလေးငယ်နှင့် အတူ မုန့်ဝယ်ပြီးအပြန် ပန်းချယ်ရီ အိမ်ရာအနီးရှိ ဘုန်းကြီးကျောင်းလမ်းသို့ ရှုခင်းကြည့်ရန် သွားရောက်စဉ် အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တစ်ဦးက ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှင့် ဖုန်းကို လုယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“အမျိုးသမီးကလည်း အရမ်းကြောက်သွားလို့ ဆိုင်ကယ်ပေးပြီး ဆိုင်ကယ်ထဲက သူ့ဖုန်းကို ယူမလို့လုပ်တော့ ယူခွင့်မပေးဘဲ မြန်မြန် ထွက်သွားတယ်။ ထွက်သွားတော့ အကွေ့မှာ အဲလူတွေ ဆိုင်ကယ်မှောက်သွားတယ်။ အဲဒီမှာ သူတို့ဓား ကျခဲ့ပြီးတော့ တောင်ကြီးဘက်ကို မောင်းပြေးသွားတာပါ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

.

အဆိုပါ လုယက်ခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို ချက်ချင်း သတင်းပို့ တိုင်ကြားထား သော်လည်း ပြန်လည် ရရှိခြင်း မရှိသေးသောကြောင့် ဆိုင်ကယ်ကို တွေ့ရှိသူများအနေဖြင့် ဖုန်းနံပါတ် 09 780 498 498 နှင့် 09 694 290 582 များသို့ ဆက်သွယ်ပေးရန် လုယူခံရသူများက မေတ္တာရပ်ခံထားသည်။

.

လုယက်ခံရသည့် ဆိုင်ကယ်မှာ Honma Scoppy အမျိုးအစား 79W/84998 နံပါတ်ပါ လိုင်စင်ရှိ ဆိုင်ကယ် ဖြစ်ပြီး ဆိုင်ကယ်နှင့်အတူ iPhone 17 Pro ဖုန်းတစ်လုံးလည်း  ပါသွားခဲ့ကြောင်း သိရသည်။

.

တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ဒေသအသီးသီးတွင် ဆိုင်ကယ်နှင့် အခြား တန်ဖိုးရှိ ပစ္စည်းများ ခိုးယူမှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဂရုပြုရန်လိုကြောင်း ဒေသခံများအကြား သတိပေးမှုများ ရှိနေသည်။

.

No comments:

Post a Comment

Pages