အမေရိကန်လေတပ် အခြေစိုက်စခန်းကို တုံ့ပြန်တိုက်ခိုက်နေပြီဖြစ်တဲ့ အီရန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 1, 2026

အမေရိကန်လေတပ် အခြေစိုက်စခန်းကို တုံ့ပြန်တိုက်ခိုက်နေပြီဖြစ်တဲ့ အီရန်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

.

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန်ရဲ့ လေတပ်အခြေစိုက် စခန်းတစ်ခုကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့တယ် ဆိုတဲ့အကြောင်း ကြေညာလိုက်ပါတယ်။ ဟော်မုဂန် ပြည်နယ်မှာရှိတဲ့ ဆီရစ်ကျွန်း ပေါ်က အီရန် ဆက်သွယ်ရေးမျှော်စင် တစ်ခုကို အမေရိကန်လေတပ်က တိုက်ခိုက်ပြီးတဲ့နောက် လက်တုံ့ပြန် တဲ့အနေနဲ့ အဲဒီ လေတပ်စခန်း အခြေစိုက်ရာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီရန်နိုင်ငံတွင်း သတင်းတွေမှာ တွေ့နေရတာပါ။

.

.

ဒီနေ့မနက်ပိုင်း ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ ဆက်သွယ်ရေးမျှော်စင်က ပျက်စီးသွားခဲ့ပြီး ဒဏ်ရာရရှိမှု အချို့လည်း ရှိခဲ့တာပါ။ အဲဒါကြောင့်ပဲ IRGC က အမေရိကန်ရဲ့ လေကြောင်းတပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းရှိရာကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

.

ဒါပေမယ့် IRGC က သူတို့တိုက်ခိုက်ခဲ့တဲ့ လေတပ်စခန်းရဲ့ တည်နေရာကို ထုတ်ပြောခြင်း မရှိခဲ့ပါဘူး။

.

သတင်းတွေမှာတော့ ဒီ လေတပ်စခန်းဟာ ကူဝိတ်မှာ အခြေစိုက်နေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ကူဝိတ်နိုင်ငံတွင်းမှာ လေကြောင်းကာကွယ်ရေး စနစ်တွေကို စတင် လည်ပတ်နေပြီး ဒုံးကျည်အချက်ပေး ဥဩသံတွေကလည်း ဆူညံနေတယ်လို့ သိရတာပါ။

.

နောက်ဆုံးရရှိတဲ့ သတင်းတွေမှာတော့ အီရန်က ကူဝိတ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ သေချာသွားပါပြီ။ ကူဝိတ်နိုင်ငံတွင်းမှာ အပျက်အစီးတချို့ ဖြစ်ပေါ်နေပြီး ကူဝိတ်မှာ အခြေစိုက်နေတဲ့ အမေရိကန် လေတပ်စခန်းလည်း ထိခိုက်မှု ရှိခဲ့ပါတယ်။

.

ကူဝိတ်နိုင်ငံခြားရေးရုံးက ထပ်ခါထပ်ခါ တိုက်ခိုက်နေတဲ့ အီရန်ရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေအပေါ် တားမြစ်ချက်တစ်စုံတစ်ရာ ပြုလုပ်ပေးဖို့ ပင်လယ်ကွေ့နိုင်ငံများသမဂ္ဂကို တင်ပြထားပါတယ်။

.

ဆော်ဒီကလည်း အီရန်ရဲ့ဒီတိုက်ခိုက်မှုကို ရှုံ့ချခဲ့ပြီး နိုင်ငံတကာစည်းမျဉ်းတွေနဲ့ ကုလသမဂ္ဂက ချမှတ် ထားတဲ့စည်းကမ်းတွေကိုပါ ချိုးဖောက်နေတာဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

 .

Source – CNN

.

No comments:

Post a Comment

Pages