.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်
.
ထိုင်းနိုင်ငံ ဗဟိုဘဏ်က လာမယ့် အောက်တိုဘာလမှာ
နိုင်ငံတွင်း ငွေကြေးဖောင်းပွမှုနှုန်းက ၅ ရာခိုင်နှုန်း အထိ
မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး အကြောင်းရင်းတွေကတော့ စက်သုံးဆီဈေးတွေ မြင့်တက်
လာခြင်းနဲ့ အစိုးရရဲ့ ထောက်ပံ့ရေးအစီအစဉ်တွေကြောင့် ဖြစ်တယ်လို့ သုံးသပ်လိုက်တာပါ။
.
.ဗဟိုဘဏ်ဥက္ကဌ ရာနာတာကွန် က အစိုးရရဲ့ ဘတ် ၄၀၀
ဘီလီယံ အရေးပေါ်ချေးငွေ စီမံကိန်း၊ ရေနံ တင်သွင်းမှု အလွန်အမင်း ဈေးမြင့်လာခြင်းနဲ့
အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ ကြာရှည်နေတာတွေကြောင့် ထိုင်းနိုင်ငံရဲ့
ငွေကြေးဖောင်းပွမှုက မကြာခင် ဖြစ်ပေါ်လာလိမ့်မယ် ဆိုတဲ့အကြောင်း အသိပေးလိုက်တာပါ။
.
ဒါ့အပြင် ထိုင်းတွေကိုထိုင်းတွေက ကူညီမယ် ဆိုတဲ့
ဘတ် ၂၀၀ ဘီလီယံ ထောက်ပံ့ရေး အစီအစဉ်ကလည်း ဇွန်လကနေ စက်တင်ဘာအထိ အကောင်အထည်ဖော်မှာ ဖြစ်တာကြောင့်
ငွေကြေးဖောင်းပွမှု ဖြစ်မှာကို တားဆီးဖို့ခက်မယ် ဆိုတဲ့အကြောင်း
ပြောဆိုထားပါသေးတယ်။
.
“ငွေကြေးဖောင်းပွမှုနှုန်းက ဒီနှစ်
အောက်တိုဘာမှာ ၅ % အထိ မြင့်တက်သွားနိုင်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း
ပြန်ကျလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အရှေ့အလယ်ပိုင်းစစ်ပွဲတွေ
အဆုံးသတ်သွားမယ်ဆိုတဲ့ ယူဆချက်အပေါ်အခြေခံပြီး လာမယ့်နှစ် ဒုတိယပတ်အတွင်းမှာ ၁.၃%
လောက်အထိ ကျဆင်းသွားဖို့ မျှော်လင့်ထားတာပါ” လို့ ရာနာတာကွန် က ပြောထားတာပါ။
.
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ရွှေ မပါဝင်တဲ့
ထိုင်းပို့ကုန်တန်ဖိုးက အရင်နှစ်တုန်းကထက် ၂၃.၄ % မြင့်တက်ခဲ့ပြီး
သွင်းကုန်တန်ဖိုးက ၄၉% အထိ မြင့်တက်လာခဲ့တာပါ။
.
ထိုင်းအစိုးရကတော့ ဘတ် ၂၀၀ ဘီလီယံတန်
ထောက်ပံ့ရေးအစီအစဉ်တွေက ပြည်သူတွေရဲ့ လူနေမှုစရိတ် မြင့်တက်လာမှုကို ကူညီပေးဖို့
ပြင်ဆင်ထားတာ ဖြစ်တဲ့အကြောင်း ပြောဆိုထားပြီး ကျန်တဲ့ ဘတ် ၂၀၀ ဘီလီယံကတော့
စွမ်းအင်စီမံကိန်းတွေအတွက် အသုံးပြုသွားမှာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment