.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်
.
အမေရိကန်က ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်
အဆိုးရွားဆုံးအိမ်ရှင်ဘွဲ့ကို ရနေပါပြီ။ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်း အမေရိကန်မှာ
ဖြစ်ခဲ့တာတွေကိုကြည့်ရင် ဒီအချက်ကို လက်ခံနိုင်မှာ သေချာပါတယ်။
.
ဆွစ်ဇာလန်ကစားသမား အမ်ဘိုလိုရဲ့ဗီဇာက
ရွှေ့ဆိုင်းခံခဲ့ရပြီး အသင်းနဲ့ ရက်အနည်းငယ်အကြာမှာမှ
လာရောက်ပူးပေါင်းနိုင်ခဲ့တယ်။
.
အီရန်လက်ရွေးစင်ကစားသမား အိုင်မန်ဟူစိန်က
အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ မေးခွန်းတွေကို ၇ နာရီ လောက်ကြာအောင်
ဖြေခဲ့ရတယ်။
.
အီရန်လက်ရွေးစင်အသင်းက ဗီဇာပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရလို့
တူရကီမှာ နေခဲ့ရပြီး ပွဲကစားမယ့်နေ့တွေမှာပဲ အမေရိကန်နိုင်ငံအတွင်းကို
ဝင်ရောက်ဖို့ ဆုံးဖြတ်ခံခဲ့ရတယ်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအပါအဝင်
၁၅ ဦးက နိုင်ငံတွင်းကို ဝင်ရောက်ဖို့ ငြင်းဆိုခံခဲ့ရတယ်။
.
အာဖရိကဖလား ဘောလုံးပြိုင်ပွဲမှာ အကောင်းဆုံး
ဒိုင်လူကြီးဆုကို ရရှိခဲ့တဲ့ ဆိုမာလီဒိုင်လူကြီး အိုမာ အာတန်က ဆိုမာလီနိုင်ငံသား ဖြစ်နေတယ်
ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်နိုင်ငံထဲ ဝင်ခွင့်မရခဲ့ဘဲ
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒိုင်စာရင်းကပါ ထုတ်ပယ်ခြင်းခံလိုက်ရတယ်။
.
တောင်အာဖရိကဘောလုံးအသင်းက
သူတို့သတ်မှတ်ထားတဲ့ရက်ထက် နောက်ကျပြီးမှ အမေရိကန် နိုင်ငံကို ရောက်လာခဲ့တယ်။
အကြောင်းကတော့ သူတို့ရဲ့ဗီဇာတွေကို အတည်ပြုဖို့ ကြန့်ကြာနေတာကြောင့်ပါ။
.
ဆီနီဂေါအသင်းရဲ့အဖွဲ့ဝင်တချို့က
သူတို့ရဲ့ဖိနပ်တွေအထိပါ ချွတ်ပြီး စစ်ဆေးခြင်းခံခဲ့ရတယ်။ ဒီလိုစစ်ဆေးမှု တွေကြောင့်
အမေရိကန်တွေ လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်လာခဲ့တယ်။
.
ဥဇဘက်ကစ္စတန်အသင်းကစားသမားတွေကို
ဗုံးရှာတဲ့ခွေးတွေကိုသုံးပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေလည်း
အများကြီးရခဲ့တယ်။
.
ကမ္ဘာ့ဖလားကို လာရောက်ဖို့
လက်မှတ်တွေကြိုဝယ်ထားခဲ့ကြတဲ့ ပရိသတ်တွေက ဗီဇာငြင်းပယ်ခံရမှုတွေ ကြောင့်
ငွေကြေးဆုံးရှုံးမှုတွေ အများအပြားဖြစ်ခဲ့ရတယ်။
.
Source – TheSun
.

No comments:
Post a Comment