၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်
.
ပြီးခဲ့တဲ့နှစ် မတ်လကတည်းက အနုပညာ လှုပ်ရှားမှုတွေကိုရော၊
လူမြင်ကွင်းမှာ သွားလာတာတွေကိုပါ ရပ်တန့်လိုက်တဲ့ မင်းသား ကင်ဆိုးဟွန်က
အနုပညာအလုပ်တွေ ပြန်လည်စတင်ဖို့ ခြေလှမ်း ပြင်နေပါပြီ။ ဇွန်လ ၉ ရက်နေ့မှာ
ဖိလစ်ပိုင်ရဲ့ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ် တစ်ခုအတွက် ကြော်ငြာ ရိုက်ကူးပေးဖို့
ဖိလစ်ပိုင်ကို ရောက်လာခဲ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
.
ကင်ဆိုးဟွန်ရဲ့ အေဂျင်စီကလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး ဇူလိုင်လ
၁၄ ရက်နေ့မှာ ဖိလစ်ပိုင် ဖက်ရှင်အမှတ်တံဆိပ်အတွက် ကြော်ငြာရိုက်ကူးမှုမှာ
ပါဝင်မယ်လို့ ထုတ်ပြန်လိုက်တာပါ။
.
ကင်ဆိုးဟွန်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ကွယ်လွန်သွားခဲ့တဲ့ မင်းသမီး
ကင်ဆေးရွန်နဲ့ ချစ်သူဖြစ်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ အပါအဝင် ပရိသတ်တွေကြား
အငြင်းပွားမှုတွေ ဖြစ်လာပြီးတဲ့နောက် တစ်နှစ်ကျော်လောက် အနားယူနေခဲ့တာပါ။
.
ကင်ဆေးရွန်ဟာ အသက် ၁၅ နှစ်အရွယ် ၊ ၂၀၁၅ ခုနှစ်ကတည်းက
ကင်ဆိုးဟွန်နဲ့တွဲခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ဖော်ပြ ခံနေရပြီး
အကြွေးတောင်းခံရတဲ့ စွပ်စွဲချက်တွေအပါအဝင် ဝေဖန်မှုအများအပြားကို
ရင်ဆိုင်ခဲ့ရတာပါ။ အဲဒီအချိန်တုန်းကတော့ ကင်ဆိုးဟွန်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို
ပြုလုပ်ခဲ့ပြီး အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့သလို သူတို့ နှစ်ဦးဟာ
အရွယ်ရောက်ပြီးမှ ချစ်ကြိုက်ခဲ့ကြတာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။
.
အဲဒီ ဖြစ်ရပ်ကြောင့် ကင်ဆိုးဟွန် ကို ကြော်ငြာမော်ဒယ်အနေနဲ့
ခန့်အပ်ထားတဲ့ ကုမ္ပဏီတွေက စာချုပ်တွေရပ်စဲခဲ့ကြပြီး ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့
ဒရာမာဇာတ်ကားတွေကိုတောင် အကန့်အကတ်မရှိ ရပ်ဆိုင်းခံခဲ့ရတာပါ။
.
ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ အစပျိုးခဲ့တဲ့
Youtuber တစ်ယောက် ဖမ်းဆီးခံလိုက်ရတာကြောင့် ကင်ဆိုးဟွန်က
စွပ်စွဲချက်တွေကနေ ကင်းလွတ်သွားခဲ့ပြီး အနုပညာ အလုပ်တွေ ပြန်လည် လုပ်ကိုင်ဖို့
ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။
.
Source – Koreaboo
.
#KBZTai #Shan #Korea #Entertainment

No comments:
Post a Comment