ဘာရိန်း၊ ကူဝိတ်နဲ့ ဟောမုဇ်ရေလက်ကြားက သင်္ဘောတွေကို အီရန်တိုက်ခိုက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, June 11, 2026

ဘာရိန်း၊ ကူဝိတ်နဲ့ ဟောမုဇ်ရေလက်ကြားက သင်္ဘောတွေကို အီရန်တိုက်ခိုက်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်

.

အမေရိကန်ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဖက်ကလည်း တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာခဲ့ပါတယ်။ ဘာရိန်းနဲ့ ကူဝိတ်မှာရှိတဲ့ အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေကို အီရန်ဖက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို ကက်ရှမ်ကျွန်းနဲ့ ဟောမုဇ်ရေလက်ကြား တစ်လျှောက်မှာရှိတဲ့ ဆိပ်ကမ်းတွေကိုလည်း တိုက်ခိုက်ခဲ့တာပါ။

.

.

အီရန်ရဲ့ အစ္စလာမ်ကာကွယ်ရေးတပ်မတော် IRGC က ဇွန်လ ၁၁ ရက်နံနက် အစောပိုင်းမှာ ဘာရိန်းနိုင်ငံမှာ ရှိတဲ့ ရှိတ်ခ် ISA လေတပ်စခန်းနဲ့ ကူဝိတ်နိုင်ငံမှာရှိတဲ့ အာလီ အယ်လ် ဆာလမ် လေတပ်စခန်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အကြောင်း ထုတ်ပြန်ထားတာပါ။

.

ဒါ့အပြင် ဟောမုဇ်ရေလက်ကြားကို တရားမဝင် ဖြတ်သန်းဖို့ ကြိုးစားနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရေနံတင်သင်္ဘော ၂ စင်းကိုလည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးတဲ့အကြောင်း IRGC က ပြောထားတာပါ။

.

IRGC က အမေရိကန်အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ဟောမုဇ်ရေလက်ကြားကို နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း ပိတ်ထားမှာ ဖြစ်တဲ့ အကြောင်း အသိပေးထားတာပါ။ လက်ရှိမှာ ရေလမ်းကြောင်းအတွင်း သွားလာနေတဲ့ ရေနံတင်သင်္ဘောတွေ နဲ့ ကုန်သွယ်ရေးရေယာဉ်တွေ အားလုံးကို သတိပေးတာ ဖြစ်တဲ့အကြောင်းလည်း ပြောဆိုထားပါသေးတယ်။

.

အမေရိကန်နဲ့ အီရန်တို့အကြား အပြန်အလှန်ပစ်ခတ်မှုတွေက ဟောမုဇ်ရေလက်ကြားမှာ အမေရိကန် ရဟတ်ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီးတဲ့နောက် ဖြစ်ပေါ်လာကြတာဖြစ်ပြီး နှစ်ဖက်အကြား လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့တာပါ။

.

အမေရိကန်ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေကြောင့် ရေသိုလှောင်ကန် ၂ ခု ပျက်စီးသွားခဲ့ပြီး ဆက်သွယ်ရေးတာဝါတိုင် တစ်ခုလည်း ပျက်သွားခဲ့တဲ့အကြောင်း အီရန်စစ်ဖက်က ကြေညာထားပါတယ်။

.

ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာတော့ ထရမ့်က အီရန်ဟာ ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ဆွေးနွေးမှုတွေကို နှောင့်နှေးစေတဲ့အကြောင်း စွပ်စွဲသွားပြီး အဲဒီနောက်ဆက်တွဲ အနေနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ့်အကြောင်း ခြိမ်းခြောက်ခဲ့တာပါ။

.

ဗုဒ္ဓဟူးနေ့အစောပိုင်းမှာပဲ ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ အီရန်အနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ဆွေးနွေးဖို့ ကြာလွန်းတာကြောင့် အကျိုးဆက်တွေကို လက်ခံရတော့မယ် ဆိုတဲ့အကြောင်းလည်း ရေးသား ခဲ့ပါသေးတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages