.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင်
ယနေ့ ဇွန်လ ၁ ရက်၊ နံနက်ပိုင်းက မော်တော်ဆိုင်ကယ် ခိုးယူလာသူ ၂ ဦးကို သက်သေခံဆိုင်ကယ်နှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မေတ္တာရှင်လမ်းမပေါ်တွင်
ရဲတပ်ဖွဲ့ဝင်များက ယနေ့ ဇွန်လ ၁ ရက်၊ နံနက် ၈ နာရီခွဲခန့်၌ ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ်
ယင်းလမ်းအတိုင်း အမျိုးသားနှစ်ဦး မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ သော့မပါ ဆိုင်ကယ်တစ်စီးကို
ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စစ်ဆေးပေါ်ပေါက်ချက်အရ ဆိုင်ကယ်မောင်းနှင်သူ ကိုကိုလတ်
နှင့် နောက်မှ လိုက်ပါစီးနင်းလာသူ ကိုကိုဦး တို့သည် ဆိုင်ကယ်နှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုအထောက်အထား
တစ်စုံတစ်ရာ မပြသနိုင်ဘဲ အဆိုပါ မော်တော်ဆိုင်ကယ်အား ယမန်နေ့ မေလ ၃၁ ရက်၊ ညပိုင်းက
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ရေထွက်ဦးလမ်းရှိ စတိုးဆိုင် တစ်ခုမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ ဆိုင်ကယ်ခိုးယူမှုနှင့် ပတ်သက်၍ ကိုကိုလတ်နှင့်
ကိုကိုဦး ဆိုသူတို့ ၂ ဦးအား အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးယူခံရမှုများ
မကြာခဏ ဖြစ်ပွားနေပြီး ပြန်လည်ရရှိမှုနှင့် ကျူးလွန်သူကို ဖမ်းဆီးရမိမှု နည်းပါးကြောင်း
ဒေသခံများက ပြောဆိုကြသည်။
.

No comments:
Post a Comment