.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင်
ယနေ့ ဇွန်လ ၂၇ ရက်က ပါမောက္ခ အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အထူးကု ဆေးကုသရေး အစီအစဉ်အဖြစ်
ဒေသခံပြည်သူများအား အခမဲ့ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
.
.အဆိုပါ အထူးကုဆေးကုသရေး အစီအစဉ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊
ဦးနှောက်နှင့် အာရုံကြောဆေးကု ပါမောက္ခ ဒေါက်တာမြင့်ဦး ဦးဆောင်၍ ပါမောက္ခ
အထူးကု ဆရာဝန်ကြီး ၁၃ ဦးတို့က ဦးနှောက်နှင့် အာရုံကြော ရောဂါများ၊ ရင်ခေါင်း ဆေးကုသမှုဆိုင်ရာ
ရောဂါများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ ဆီးချိုနှင့်
ဟော်မုန်းဆိုင်ရာရောဂါများ၊ ဆီးနှင့် ကျောက်ကပ်ရောဂါများ၊ အသည်းဆေးကုသမှု ဆိုင်ရာရောဂါများ၊
နှလုံးဆေးကုသမှုဆိုင်ရာရောဂါများ၊ အရိုး၊ အကြော၊ အဆစ် ရောဂါများ၊ ကလေး
သွေးရောဂါများ၊ ကလေး ဦးနှောက်နှင့် အာရုံကြောရောဂါများတို့ကို အခမဲ့ ကုသပေးလျက်ရှိကြောင်း
သိရသည်။
.
ဆေးကုသနေမှုများကို ရှမ်းပြည်အစိုးရအဖွဲ့၊
ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊
ပြည်နယ်လူမူရေးဝန်ကြီး နန်းခမ်းလူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး
ဦးဇော်ဝင်းဌေး၊ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး
ဒေါက်တာ ဝင်းနိုင်၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ
ကျော်မျိုးလှိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်လူမူရေးဝန်ကြီး နန်းခမ်းလူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး
ဦးဇော်ဝင်းဌေးတို့က လာရောက်ကုသပေးသော ပါမောက္ခ အထူးကု ဆရာဝန်ကြီးများအတွက်
ထောက်ပံ့ငွေပေးအပ်ရာ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး
ဒေါက်တာ ဝင်းနိုင် နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
.
ဆေးကုသမှုအစီအစဉ်ကို ဇွန်လ ၂၇ ရက်မှ ၂၈ ရက်အထိ ၂
ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဆေးကုသမှု ခံယူလိုသူများ အနေဖြင့်
စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ကြိုတင် ဆက်သွယ်၍ အမည်စာရင်း
ပေးသွင်းနိုင်ကြောင်း သိရသည်။
.

No comments:
Post a Comment