.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်
.
၂၀၂၆ ခုနှစ် ဖူးခက်အလှမယ်ပြိုင်ပွဲမှာ
ဒုတိယရခဲ့တဲ့ ထိုင်းအလှမယ်ကို ပြိုင်ပွဲရဲ့စပွန်ဆာဖြစ်သူက လိင်ပိုင်း ဆိုင်ရာ စော်ကားမှု
ပြုလုပ်ခဲ့ပြီး အဓမ္မကျင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အလှမယ်ဖက်က တိုင်ကြားထားပြီး
ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
.
.အသက် ၂၇ နှစ်အရွယ် အလှမယ်က ဇွန်လ ၂၆ ရက်မှာ
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်ရဲစခန်းကို တိုင်ကြားခဲ့တာ ဖြစ်ပြီး သံသယရှိသူက
ဖူးခက်အလှမယ်ပြိုင်ပွဲရဲ့ အဓိက စပွန်ဆာဖြစ်တဲ့ အသက် ၅၀ အရွယ် ဒူးရင်းခြံပိုင်ရှင် တစ်ဦးလည်း
ဖြစ်ပါတယ်။
.
ထိုင်းသတင်းတွေမှာတော့ ပိုင်ရှင်ရဲ့နာမည်ကို
အမည်လွှဲနဲ့ မိုက်ခ် လို့သာ ဖော်ပြထားပြီး အလှမယ်ရဲ့ နာမည် ကိုလည်း
ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ပါဘူး။
.
ဖြစ်စဉ်က ဇွန်လ ၂၅ ရက်
ညပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အလှမယ်က ပြိုင်ပွဲမှာ သူ့ကိုထောက်ပံ့ပေးခဲ့တဲ့
စပွန်ဆာတွေကို ကျေးဇူးတင်စကားပြောဖို့ ရယောင်းကို သွားရောက်ခဲ့တာကနေ စတင်ခဲ့တာပါ။
.
နောက်တစ်ရက်မှာ အလှမယ်က ဘန်ချန်ခရိုင်မှာ
ခရီးသွားကြော်ငြာ ဗီဒီယို ရိုက်ကူးဖို့အစီအစဉ် ရှိတာကြောင့် မိုက်ခ်က
နစ်ခွန်ခရိုင်မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ တည်းခိုဖို့ စီစဉ်ပေးခဲ့တယ်လို့ သိရတာပါ။
.
အဲဒီနောက်မှာတော့ အလှမယ် ရေချိုးနေစဉ်မှာ
မိုက်ခ်က အဝတ်မပါပဲ ရေချိုးခန်းထဲ ဝင်ရောက်လာခဲ့ပြီး အဓမ္မပြုကျင့်ဖို့
ကြိုးစားခဲ့တယ်လို့ စွပ်စွဲထားတာပါ။ အလှမယ်က မွေထိုင်းကိုယ်ခံပညာတတ်တာကြောင့်
ပြန်လည်ခုခံခဲ့ပြီး မိုက်ခ်က အခန်းထဲကနေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတွေကို
ပြောခဲ့ပါတယ်။
.
ဖြစ်စဉ်ပြီးသွားတဲ့နောက် အလှမယ်က
ဟိုတယ်ဝန်ထမ်းတွေဆီ အကူအညီတောင်းခံခဲ့ပေမဲ့လည်း ဟိုတယ် ဖက်က မကူညီခဲ့တဲ့အပြင်
အရက်မူးပြီး ဆူပူသောင်းကျန်းနေတယ် ဆိုတဲ့ အထင်နဲ့ရဲကို ခေါ်ခဲ့တာပါ။
.
ဟိုတယ်ဝန်ထမ်းတွေကတော့ အလှမယ်နဲ့ မိုက်ခ်တို့နှစ်ဦးကို
ဇနီးမောင်နှံလို့ ထင်မှတ်ခဲ့တဲ့အကြောင်းနဲ့ အမျိုးသမီးက အရေးပေါ်ဆေးကုသမှု တောင်းခံပြီးတဲ့နောက်မှသာ
ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်တယ်လို့ သိရှိခဲ့တဲ့အကြောင်း ပြောဆိုထားခဲ့ပါတယ်။
.
လက်ရှိအချိန်အထိတော့ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို စစ်ဆေးနေပြီး
သက်သေတွေကိုလည်း မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။ အလှမယ်ရဲ့ စွပ်စွဲချက်တွေကို
တရားရုံးမှာ သက်သေစစ်ဆေးမှု မပြုရသေးသလို၊ ဘယ်သူ့ကိုမှလည်း
စွဲချက်တင်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။
.
Source – Khaosod
.

No comments:
Post a Comment