တာချီလိတ်တွင် ပါဝါအိတ်ဇောတပ်ဆင် မော်တော်ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 10, 2026

တာချီလိတ်တွင် ပါဝါအိတ်ဇောတပ်ဆင် မော်တော်ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူ



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ ဇွန်လ ၁၀ ရက်က ပါဝါအိတ်ဇောတပ်ဆင် မော်တော်ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

.

မြို့တွင်းယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားကောင်းစေဖို့နဲ့ အများပြည်သူရဲ့ နေထိုင်မှုဘဝကို ထိခိုက်စေတဲ့ ဆူညံသံတွေ လျော့နည်း ပပျောက်စေဖို့ ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်စေပြီး ဆူညံသံများ ထွက်ပေါ်စေသည့် အသံထိန်းကိရိယာ မတပ်ဆင်ဘဲ ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်နေသော မော်တော်ဆိုင်ကယ် ၅ စီးကို အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ဖမ်းဆီးကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

.

အဆိုပါ မြို့တွင်းလမ်းမများပေါ်တွင် အသံဆူညံစွာ မောင်းနှင်သည့် ပါဝါအိတ်ဇော တပ်ဆင်ထားသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ဆက်လက်၍ ဖမ်းဆီးအရေးယူသွားမည် ဖြစ်သည့်အပြင် ပါဝါအိတ်ဇောများ ရောင်းချ ဖြန့်ဖြူးနေသည့် ဆိုင်များကိုလည်း ဖော်ထုတ်စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
.
#KBZTai #Shan #Broadcasting #Hluttaw

No comments:

Post a Comment

Pages