လာမယ့် ၂၀၂၆-၂၇ ဘောလုံးရာသီအတွက် ကစားသမားသစ် ခေါ်ယူအားဖြည့်မှုအဖြစ် မြန်မာယူ-၁၇ အမျိုးသမီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖြစ်တဲ့ ကလောသူ မေသင်ဇာ ကို ရှမ်းယူနိုက်တက်က ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
.
မေသင်ဇာ ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ရန်ကုန်စီးတီး အမျိုးသမီးအသင်းမှာ
ရာသီဝက် ကစားခဲ့သူ ဖြစ်ပြီး Young Lionesses အသင်းမှာ
ရာသီဝက် ကစားခဲ့သူပါ။ ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
လက်ခံ ကျင်းပခဲ့တဲ့ AFC U-17 Women’s Asian Cup နဲ့
တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူ-၁၇ အမျိုးသမီးဖလား ပွဲတွေမှာ မြန်မာယူ-၁၇
အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
.
မေသင်ဇာက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ဇာတိ ဖြစ်ပြီး
မြန်မာအသင်းရဲ့ ကွင်းလယ်မှာ အလားအလာ ရှိတဲ့ လူငယ်ကစားသမား တစ်ယောက်အဖြစ်
သတ်မှတ်ခြင်း ခံထားရတာပါ။
.
ရှမ်းယူနိုက်တက်အသင်းဆီ ရောက်ရှိလာမှုနဲ့ ပတ်သက်ပြီး မေသင်ဇာ က “ရှမ်းယူနိုက်တက် ကို ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ အတွေ့အကြုံသစ်တွေနဲ့အတူ ပိုပြီးတော့ ကောင်းမွန်တဲ့ ကစားသမား ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ အသင်းက နည်းပြဆရာတွေ၊ တာဝန်ရှိသူတွေနဲ့ ပရိသတ်အတွက် စိတ်ကျေနပ်စရာ ခြေစွမ်းတွေ ပြသနိုင်ဖို့ အများကြီး ပိုကြိုးစားပါ့မယ်” လို့ ရှမ်းယူနိုက်တက် ကစားသမားသစ် အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
.
#KBZTai #Shan #ShanUnited #MayThinZar


No comments:
Post a Comment