ပင်လောင်းရှိ ငလျင်ဒဏ် ခံစားရသူများကို ကြက်ခြေနီ ထောက်ပံ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 2, 2026

ပင်လောင်းရှိ ငလျင်ဒဏ် ခံစားရသူများကို ကြက်ခြေနီ ထောက်ပံ့


ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

.

ပင်လောင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၄၃ ရွာနှင့် ရပ်ကွက် ၂ ရပ်ကွက်မှ အိမ်ထောင် စုပေါင်း ၃၈၅ စုအတွက် အသုံးအဆောင်ပစ္စည်းများအား ပြီးခဲ့သည့် မေလ ၂၈ ရက် မှ ၃၀ ရက်အထိ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.



အမျိုးသမီးဂုဏ်သိက္ခာထိန်းပစ္စည်း ၃၆၉ စုံ၊ အမျိုးသားတစ်ကိုယ်ရည် သန့်ရှင် ရေးသုံးပစ္စည်း ၃၆၄ စုံ၊ မိသားစုတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ ၃၅၈ စုံ၊ စိတ်ပိုင်းဆိုင်ရာအား ပေးကူညီသည်အိတ် ၆၄ အိတ်၊ ဆိုလာမီးအိမ် ၃၈၅ ခု၊ စောင် ၃၅၅ ထည်၊ ခြင်ထောင် ၇၇၀ လုံး၊ သောက်ရေထည့်ပုံး ၇၇၀ ပုံး၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်း ၃၈၅ စုံ၊ မီးဖိုချောင်သုံးပစ္စည်း များ ၃၈၅ စုံနှင့် ဖျာ ၃၀ ချပ်၊ တာပေါ်လင်စ ၃၈၅ ခု၊ အနွေးထည် ၃၈၅ ထည် တို့ကို ဒေသခံကြက်ခြေနီ စေတနာ လုပ်အားရှင်များနှင့် ကြက်ခြေနီ ဝန်ထမ်းများက လက်ဝယ်အရောက် ထောက်ပံ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ကြည်ခြေနီအသင်းထံမှ သိရသည်။

.

မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ မိတ်ဖက်ကြက်ခြေနီအသင်းများ၏ ပံ့ပိုးကူညီမှုများဖြင့် ယခုကဲ့သို့ ထောက်ပံ့ ကူညီခြင်းများကို ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

.
#KBZTai #Shan #Pinlaung  #Redcross

No comments:

Post a Comment

Pages