၂၀၂၆ ခုနှစ်ရဲ့ ပထမ ၃ လပတ်အတွင်း ထိုင်းနိုင်ငံတွင်းက ကွန်ဒိုတွေ ဝယ်ယူကြတဲ့ နိုင်ငံခြားသားစာရင်းမှာ မြန်မာက တတိယနေရာမှာ ရပ်တည်နေပါတယ်။
.
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာတုန်းက ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားတွေ ကွန်ဒို ဝယ်ယူမှုစာရင်းမှာ မြန်မာက ဒုတိယလိုက်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ရုရှားက မြန်မာကို ကျော်တက်ပြီး ဒုတိယနေရာ ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။
.
ထိုင်းနိုင်ငံ ကွန်ဒိုဈေးကွက်ရဲ့ နိုင်ငံခြားဝယ်ယူသူ ထိပ်ဆုံး ၅
နိုင်ငံမှာ တရုတ်ကတော့ ပထမ နေရာကနေ လုံးဝ မဆင်းဘဲ
ကွန်ဒိုဝယ်ယူမှုတွေကို လက်ဝါးကြီး အုပ်ထားခဲ့တာပါ။ ၂၀၂၆ ရဲ့ ပထမ ၃ လပတ်မှာတော့
ရုရှားတွေက အများဆုံး ဝယ်ယူမှု လုပ်ခဲ့ကြပြီး အဓိက ဝယ်ယူကြတဲ့နေရာက ဖူးခက်မှာပဲ ဖြစ်ပါတယ်။
.
၂၀၂၅ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်လိုက်ရင်တော့
ရုရှားရဲ့ကွန်ဒိုဝယ်ယူမှုက ၃၃ ရာခိုင်နှုန်း အထိ
မြင့်တက်သွားခဲ့ပြီး ကွန်ဒိုခန်း ၃၈၃ ခန်းအထိ ဝယ်ယူခဲ့ကြတာပါ။
စုစုပေါင်းတန်ဖိုးအနေနဲ့ ဘတ် ၁ ဒသမ ၆၆ ဘီလီယံရှိခဲ့ပြီး
အရောင်းတန်ဖိုးပိုင်းမှာလည်း ၆၉ ရာခိုင်းနှုန်း
တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
.
တရုတ်နိုင်ငံသားတွေရဲ့ ဝယ်ယူမှုကတော့ ဒီနှစ်ထဲမှာ ၄၃ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီး ၉၀၆ ခန်းအထိပဲ ဝယ်ထားရသေးသလို စုစုပေါင်းတန်ဖိုးက
ဘတ် ၃ ဒသမ ၅ ဘီလီယံသာ ရှိသေးတာပါ။
.
မြန်မာနိုင်ငံသားတွေကတော့ ၂၀၂၆ ၊ ပထမ ၃ လပတ်မှာ တတိယနေရာဆီ
ဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်လိုက်ရင် ၃၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့တာပါ။ ဒါပေမယ့် ဝယ်ယူမှုကတော့ ၂၇၉ ခန်းအထိ ရှိနေပါသေးတယ်။
.
မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှု အများဆုံးနေရာက ဘန်ကောက်မှာ
ဖြစ်ပြီး တရုတ်တွေကလည်း ဘန်ကောက်မှာပဲ အများဆုံး ဝယ်ယူမှု ပြလုပ်ခဲ့ကြတာပါ။
ရုရှားတွေကတော့ ဘန်ကောက်မှာ ကွန်ဒိုတစ်ခန်းမှ မဝယ်ကြဘဲ
ဖူးခက်နဲ့ ချောင်ဘူရီ ဒေသ နှစ်ခုမှာပဲ ကွန်ဒိုတွေ အများအပြား ဝယ်ယူထားခဲ့ကြတာ ဖြစ်ပါတယ်။
.
Source – Bangkok Post
.
#KBZTai #Shan #Thai #Myanmar #Condo

No comments:
Post a Comment