နိုင်ငံသားစိစစ်ရေးကတ် နံပါတ်ထပ်နေသူများ မြို့နယ်လဝကရုံးတွင် လူကိုယ်တိုင် သွားရောက် ဆောင်ရွက် ရမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 10, 2026

နိုင်ငံသားစိစစ်ရေးကတ် နံပါတ်ထပ်နေသူများ မြို့နယ်လဝကရုံးတွင် လူကိုယ်တိုင် သွားရောက် ဆောင်ရွက် ရမည်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်

.

နိုင်ငံသားစိစစ်ရေးကတ် နံပါတ် ထပ်နေသူများ၊ နိုင်ငံသားကတ်နံပါတ် တစ်ခုတည်းဖြင့် လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုမို ရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် အထောက်အထားများဖြင့် လူကိုယ်တိုင် သွားရောက်ဆောင်ရွက်ရမည်ဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက ပြောဆိုခဲ့သည်။

.

.

ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက်ပိုင်းက ကျင်းပသော တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၊ ဒုတိယနေ့တွင် နားဖန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းအောင်မြင့်၏ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမှုကို ပြည်နယ်ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

.

နားဖန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) စိုင်းအောင်မြင့် က “နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ထပ်နေသူ များ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုးစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲမှ မည်သို ဆောင်ရွက်ပေးမည်” ကို သိရှိလိုကြောင်း လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

.

ပြည်နယ်ဝန်ကြီးက နိုင်ငံသား နံပါတ်တစ်ခုအား လူတစ်ဦးထက်မက ကိုင်ဆောင်မှုဖြစ်စဉ် များကြောင့် ကာယကံရှင်များ ၏ အလုပ်အကိုင်၊ လူမှုရေး၊ စီးပွားရေးကိစ္စများ ထိခိုက်ဆုံးရှုံး နစ်နာမှုများ မဖြစ်ပေါ်စေရေး အတွက် ကိုင်ဆောင်သူ ၂ ဦးအား အမြန် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံသားနံပါတ် အတည်ပြုပေးခြင်း၊ ကျန်တစ်ဦးအား နိုင် နံပါတ်အသစ် ဆောင်ရွက်ပေးပြီး UID ကောက်ယူခြင်း၊ နိုင်ငံသား နံပါတ်အသစ် ထုတ်ပေးထားသူ၏ လူမှုရေး၊ စီးပွားရေးလုပ်ငန်းတို့မှာ အဆင်ပြေ ချောမွေ့စေရေးအတွက် ကတ်ပြား၏ နောက်ကျောတွင် ယခင် နိုင်ငံသားနံပါတ် အဟောင်းအား ထည့်သွင်းပေးခြင်း၊ တရားဝင် ရုံးစာဖြင့် ထောက်ခံချက်များ ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

.

“ကျွန်တော့်မဲဆန္ဒနယ်က ပြည်သူတွေရဲ့ ကြုံနေရတဲ့ အခက်အခဲကို မေးတာပါ။ နံပါတ်ထပ်နေတာက ကျွန်တော် စာရင်းဇယား ပြုစုထားတာ တစ်မျက်နှာစာ ရှိပါတယ်။ ပူးတွဲ တင်ထားပါတယ်။ UID ကတ် လုပ်မရတာတွေလည်း ကျွန်တော် စာရင်းနဲ့ ပေးပို့ထားပါတယ်။ နယ်မြေအရ သွားလို့မရတဲ့ နေရာတွေလည်း ရှိသေးတော့ အားလုံးတော့ ကောက်လို့မရသေးဘူးပေါ့” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်မြင့်က ပြောသည်။

.

၁၉၉၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ဆန္ဒမဲ ပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို နိုင်ငံတစ်ဝန်း အရှိန်အဟုန်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပမာဏ များပြားသဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် မြို့နယ်များရှိ ဌာနဆိုင်ရာများ၊ လုပ်အားပေးများ အကူအညီဖြင့် ဆောင်ရွက်ခဲ့ရာ အချို့မြို့နယ်များတွင် နိုင်ငံသားနံပါတ် တစ်ခုတည်းဖြင့် လူတစ်ဦးထက်ပိုပြီး နိုင်ငံသားကတ်ပြားများ ထုတ်ပေးခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages