.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်
.
ရှမ်းပြည်နယ်လွှတ်တော်ရုံး
ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၁၃ ရက်နေ့၊
နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော်ရုံး သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်က
မိဘများအနေဖြင့် မိမိတို့သားသမီးများ အခက်အခဲမရှိ ပညာတတ်တစ်ဦး ဖြစ်စေရေးအတွက်
ရည်မှန်းချက်တစ်ခုအဖြစ် ထားရှိရမည် ဖြစ်ပြီး ကောင်းမွန်မှန်ကန်သည့်
စိတ်ဓာတ်များနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ်
လျှောက်လှမ်းနိုင်သူများဖြစ်စေရန် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စိုင်းလုံကျော်က
အခြေခံပညာအလယ်တန်း အဆင့် ဝန်ထမ်းသားသမီးများအားလည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော်
ဒုတိယဥက္ကဋ္ဌ စိုင်းထွန်းစိန် အခြေခံပညာမူလတန်းအဆင့် ဝန်ထမ်းသားသမီးများအားလည်းကောင်း
ပညာသင် စရိတ်များ ထောက်ပံ့ပေးအပ်ကာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး
ဒေါ်ခိုင်ဇာလင်းနောင်က အခြေခံပညာ အလယ်တန်းအဆင့် ဝန်ထမ်းသားသမီးများအား လည်းကောင်း၊
ဒုတိယဥက္ကဋ္ဌ၏ ဇနီး နန်းခမ်းကွမ်းက အခြေခံပညာမူလတန်းအဆင့်
ဝန်ထမ်းသားသမီးများအားလည်းကောင်း ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သိရသည်။
.
ဆက်လက်ပြီး ပညာသင်စရိတ်နှင့်
ကျောင်းသုံစာရေးကိရိယာများ ထောက်ပံ့ပေးအပ်မှုနှင့် စပ်လျဉ်၍
ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးက
ကျောင်းသားမိဘများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားပြီး
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က
ဝန်ထမ်းသားသမီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး
ဝန်ထမ်းများ၏ သားသမီး မူကြိုအဆင့် ၂ ဦး၊ မူလတန်းအဆင့် ၁၁ ဦးနှင့် အလယ်တန်းအဆင့် ၁၀
ဦး၊ စုစုပေါင်း ၂၃ ဦး တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment