.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်
ယမန်နေ့ ဇွန်လ ၁၃ ရက်က အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများကို
လိမ်လည်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
ခဲ့ကြောင်း သိရသည်။
.
.မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ
နေအိမ်တစ်လုံးတွင် ဇွန်လ ၁၃ ရက်၊ နေ့လယ် ၂ နာရီခန့်က အွန်လိုင်း
လိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦးနှင့်
မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၃၇ ဦး၊ စုစုပေါင်း ၈၈ ဦးတို့အား
ဖုန်းမျိုးစုံ အလုံး ၁၈၀၊ All in one ကွန်ပျူတာ ၄၄ လုံး၊
ပါဝါစတေရှင် အသေး ၂ လုံး၊ Crown ကား ၁ စီး၊ Alphard ကား တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး လုံခြုံရေး ပူးပေါင်းအဖွဲ့များက
နယ်မြေရှင်းလင်းရေးနှင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ
နေ့လယ် ၂ နာရီခွဲခန့်တွင် ကောင်းမှုတုံရပ်ကွက်ရှိ အခြား နေအိမ်တစ်လုံး အတွင်းမှ
အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊
အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆ ဦးတို့အား ဖုန်းမျိုးစုံ ၁၀၃ လုံး၊ Laptop မျိုးစုံ ၆ လုံး၊ All in one ကွန်ပျူတာ ၂ လုံး၊ Wifi
စက် ၄ လုံး၊ CPU ၂ လုံးတို့နှင့်အတူ
ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့်
စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်ပြင်းထန်စွာ
အရေးယူသွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံး ပစ္စည်းများအား
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment