.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယမန်နေ့ ဇွန်လ ၁၃ ရက်၊ ညပိုင်းက ကားနှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ
ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.အောင်ပန်မြို့၊ အထက (၁) ရှေ့၊ ပြည်ထောင်စုလမ်းမပေါ်တွင်
ယမန်နေ့ ဇွန်လ ၁၃ ရက်၊ ည ၁၁ နာရီ ခန့်က အိမ်စီးကားတစ်စီးနှင့် ဆိုင်ကယ် တိုက်မိခဲ့ခြင်းဖြစ်ပြီး
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ လူငယ် အမျိုးသားတွင် ယာပခုံးနာကျင်၊ ဝဲလက်ဖမိုး
ပွန်းပဲ့၊ ယာဒူး ပွန်းပဲ့၊ ဝဲခြေသလုံး ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
“လူနာက ဒဏ်ရာတော့ ဘာမှမဖြစ်ပါဘူး။ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနဲ့
အရေးယူမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ကားမောင်းသူနှင့်
ဆိုင်ကယ် မောင်းနှင်သူ ၂ ဦးလုံးကို မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.

No comments:
Post a Comment