.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
.
ကိုရီးယားဒရာမာ ပရိသတ်တွေအတွက် ဇွန်လအတွင်းမှာ
ပြသနေပြီဖြစ်တဲ့ ကိုရီးယားဒရာမာ ကားသစ် ၆ ကားနဲ့ အမြည်းလေး မိတ်ဆက်ပေးလိုက်ပါတယ်။
ကြည့်ဖြစ်နေတဲ့ ကား ရှိရင်လည်း ပြောပြပေးသွားကြ ပါဦး။
.
“Doctor on the Edge”
သရုပ်ဆောင် လီဂျေဝု နဲ့ ရှင်ယယ်အွန်း တို့
ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ ကျေးလက်မှာ တာဝန် ထမ်းဆောင်နေတဲ့
ပြည်သူ့ကျန်းမာရေးဆရာဝန်တစ်ယောက်နဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတဲ့
သူနာပြုတစ်ယောက်တို့ရဲ့ ဇာတ်လမ်းပါ။ ဒေသခံတွေကို ကူညီကယ်တင်ပေးကြရင်း
ဘဝအကြောင်းနဲ့ ချစ်ခြင်းမေတ္တာအကြောင်း နားလည်သွားကြပုံကို ပြသထားတဲ့ ဇာတ်ကားလည်း
ဖြစ်ပါတယ်။
.
“The Lie We Lived In”
သရုပ်ဆောင် ကင်ဆောင်ဘွန်း၊ ကင်ဂယောင်မင်း တို့
ပါဝင်ထားတဲ့ ဒီဇာတ်ကားက သည်းထိတ်ရင်ဖို မှုခင်း ဇာတ်လမ်းတွဲပါ။ BL ဒရာမာဇာတ်လမ်းတွဲဖြစ်ပြီး လူသတ်သမားက သူသတ်ရမယ့်သူကို သဘောကျသွားတဲ့
ဇာတ်လမ်းမျိုးပါ။ အဲဒီကြားထဲမှာ စုံထောက်တစ်ယောက်ကပါ ထပ်ပြီး ဝင်ရောက်လာတာမို့
အခြေအနေတွေ ရှုပ်ထွေးကုန်ပြီး တာဝန်နဲ့ချစ်ခြင်းမေတ္တာကြား ဗျာများရမယ့်
ဇာတ်လမ်းမျိုးပါပဲ။
.
“Teach You A Lesson”
သရုပ်ဆောင် ကင်မိုယိုးလ်၊ လီဆန်းမင်း၊
ဂျင်ကီဂျို တို့ ပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပြီး ကျောင်းပညာရေး စနစ် အကြောင်းကို
ရိုက်ထားတဲ့ဇာတ်ကားပါ။ စည်းကမ်းပျက်ကျောင်းသားတွေ၊ ဖိအားပေးနေတဲ့ မိဘတွေ အကြား
ရုန်းကန်နေရတဲ့ ဆရာတွေအကြောင်းကို ရိုက်ထားတာဖြစ်ပြီး ဆရာတွေက တပည့်တွေကို ဘယ်လို သင်ခန်းစာတွေ
ပေးမလဲဆိုတာ ပြသပေးသွားမယ့် ဇာတ်ကားဖြစ်ပါတယ်။
.
“See You At Work Tomorrow”
ဒီကားက ဆိုအင်ဂွတ်၊ ပတ်ဂျီဟွန်း၊ ကန်မီနာ
တို့နဲ့ တော်တော်လေး မြိုင်မယ့် ဇာတ်ကားပါ။ ဇွန်လ ၂၂ ရက် မှာမှ
စတင်ထုတ်လွှင့်မှာဖြစ်ပြီး ကြော်ငြာဗီဒီယိုမှာတင်ပဲ သဘောကျနေတဲ့ ပရိသတ်တွေ
အများကြီးပါ။ ဒီကားက နာမည်ကြီး Webtoon တစ်ခုကို
အခြေခံထားတဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး အလုပ်မှာ ရာထူးမတိုးတဲ့ ဝန်ထမ်းတစ်ယောက်နဲ့
တင်းမာတဲ့သူ့ရဲ့အထက်လူကြီးကြားက အချစ်ဇာတ်လမ်းကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
.
“Notes from the last row”
ဒီကားက နာမည်ကျော်သရုပ်ဆောင် ချွဲမင်ဆစ်
ပါဝင်ထားတဲ့ကားဖြစ်ပြီး ချွဲဟွန်ဝု၊ ကင်ယွန်းဂျင် တို့လည်း ပါဝင်တာပါ။ ဒီကားက
မက်ဒါမွန် ရဲ့ Good Will Hunting လို ကားမျိုးပါ။
စာပေပါမောက္ခ တစ်ယောက်က သူ့အတန်းရဲ့နောက်ဆုံးခုံမှာ ထိုင်တတ်တဲ့
ကျောင်းသားတစ်ယောက်ရဲ့စွမ်းရည်ကို တွေ့ရှိပြီးတဲ့နောက် အပြောင်းအလဲတွေ
ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။
.
“Agent Kim Reactivated”
ဒီကားကလည်း နာမည်ကျော်် သရုပ်ဆောင် ဆိုဂျီဆပ် ၊
ချွဲဒေဟွန်း တို့ပါဝင်ထားတဲ့ကားပါ။ ဇွန်လ ၂၆ ရက်မှ ထုတ်လွှင့်မှာဖြစ်ပြီး
အက်ရှင်ဒရာမာ ဇာတ်လမ်းမျိုးပါ။ ဘဏ်တစ်ခုမှာ အလုပ််လုပ်နေတဲ့
သာမန်ဘဏ်ဝန်ထမ်းတစ်ယောက်က သူ့သမီးကို ကယ်ဖို့အတွက် အကြမ်းဆုံးလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံကို
ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး အလန်းစားအက်ရှင်ခန်းတွေနဲ့ မြင်တွေ့ရမယ့် ဇာတ်ကားပါပဲ။
.
Source – Soompi
.

No comments:
Post a Comment