ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ က
အီဘိုလာရောဂါကို အီဘိုလာရောဂါကို ထိန်းချုပ်ဖို့ အမေရိကန် ဒေါ်လာ ၅၁၈ သန်း
ကုန်ကျမယ့် စီမံကိန်းကို စတင်လိုက်ပြီလို့ မနေ့ ဇွန်လ ၅ ရက် (သောကြာနေ့) က
ကြေညာလိုက်ပါတယ်။
.
မှတ်တမ်းတွေအရ စတုတ္ထမြောက် အကြီးမားဆုံး
ကူးစက်ရောဂါဖြစ်ပွားမှုဖြစ်တဲ့ အီဘိုလာ ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက်
ရန်ပုံငွေနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သူက တောင်းဆိုလိုက်တာပါ။
.
ဒီ စီမံကိန်းဟာ ကွန်ဂိုနဲ့ အိမ်နီးချင်း ယူဂန္ဓာနိုင်ငံတွေမှာ
ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ထိန်းချုပ်ဖို့အတွက် အကူအညီ ပေးနိုင်ရေးကို အဓိက
ရည်ရွယ်ပြီး တစ်ချိန်ထဲမှာပဲ တခြား နိုင်ငံတွေမှာလည်း နယ်စပ်စစ်ဆေးမှု
တိုးမြှင့်တာတွေ အပါအဝင် ကြိုတင်ပြင်ဆင်ဖို့အတွက် ကူညီပေးသွားမှာဖြစ်တယ်လို့ WHO
နဲ့ အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကုသရေးစင်တာတို့က
ပြောဆိုလိုက်ပါတယ်။
.
“ရောဂါ ပျံ့နှံ့မှုက သိပ်ကို မြန်နေပြီး ထိန်းချုပ်နိုင်ဖို့
ကြိုးစားနေဆဲ ဖြစ်တယ်” လို့ WHO အကြီးအကဲ တက်ဒ်ရို့စ် က
ပြောပါတယ်။
.
“အီဘိုလာကို ထိန်းချုပ်ဖို့အတွက် နိုင်ငံရေးအရ ကတိကဝတ်၊
ရေရှည်တည်တံ့တဲ့ ဘဏ္ဍာရေးနဲ့ လူမှုအသိုင်း အဝိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ
ယုံကြည်မှုတွေ လိုအပ်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
.
ကွန်ဂိုမှာ အခုဆိုရင် အီဘိုလာ အတည်ပြုလူနာ ၃၈၁ ဦး အထိ ရှိလာနေပြီး
သေဆုံးသူကတော့ ၆၂ ဦး ရှိပြီ လို့ အာဖရိက CDC က ပြောပါတယ်။
ဒါ့အပြင် ကွန်ဂိုရဲ့ အိမ်နီးချင်း ယူဂန္ဓာမှာလည်း အတည်ပြုလူနာ ၁၉ ဦးနဲ့ သေဆုံးသူ ၂
ဦး ရှိနေတာပါ။
.
အခု ပျံ့နှံ့နေတဲ့ အီဘိုလာရောဂါဟာ ဘွန်ဒီဘူဂိုဗိုင်းရပ်စ်
ကြောင့်ဖြစ်ပြီး ဒါကို ကုသနိုင်တဲ့နည်းလမ်း၊ ဒါမှမဟုတ် ဆေးဝါး မရှိသေးဘူးလို့
ဆိုပါတယ်။
.
“အရင် ဘွန်ဒီဘူဂို ပျံ့နှံမှုနဲ့ယှဉ်ရင် အခုက ပျံ့နှ့မှု သိပ်ကို
ပြင်းထန်နေပါတယ်။ ဒါဟာ ဘွန်ဒီဘူဂို ပျံ့နှံ့မှုတွေ ထဲမှာ အပြင်းထန်ဆုံးပါပဲ” လို့
အာဖရိက CDC ရဲ့ ညွှန်ကြားရေးမှူးချုပ် Jean Kaseya က ပြောပါတယ်။
.
အလှူရှင် တချို့က သူတို့ မူလက ကတိပြုထားတဲ့ ဒေါ်လာ ၄၉၈ အစား ဒေါ်လာ
၃၁၅ ဒသမ ၈ သန်းသာ လှူဒါန်းမယ်လို့ လျှော့ချလိုက်ကြတယ်လို့ သူက ပြောပါတယ်။
.
ပြီးခဲ့တဲ့ မေလ ၁၅ ရက်က ကွန်ဂိုမှာ ၁၇ ဦးမြောက် အီဘိုလာ အတည်ပြုလူနာ
တွေ့ရှိပြီးနောက် WHO က နိုင်ငံတကာနဲ့ ဆိုင်တဲ့
ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။
.
သာမန် အီဘိုလာ စစ်ဆေးမှုတွေကနေ ဘွန်ဒီဘူဂို ကို
မစမ်းသပ်နိုင်ခဲ့တဲ့အတွက် နှောင့်နှေးမှုတွေ ရှိနေခဲ့ပြီး စိန်ခေါ်မှု တစ်ရပ်
ဖြစ်နေတာပါ။
.
“စမ်းသပ်ဖို့ အတွက် ရက်ပိုင်းကနေ ရက်သတ္တပတ်အထိ ကြာမြင့်ပါတယ်။ ဒါက
စိတ်ပျက်စရာပါပဲ” လို့ ကွန်ဂို နိုင်ငံ၊ အီတူရီပြည်နယ်က ခရစ်ယာန်
အကူအညီပေးရေးအဖွဲ့တစ်ခုရဲ့ ဥက္ကဋ္ဌ Franklin Graham က
ပြောပါတယ်။
.
ဒေသခံတွေရဲ့ မယုံကြည်မှုနဲ့ ခုခံမှုတွေကလည်း ရောဂါ တုံ့ပြန်ရေးမှာ
အဟန့်အတား ဖြစ်နေပြီးတော့ အတည်ပြုလူနာ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ဖို့ ကိစ္စမှာ
ကုသရေးဌာနတွေ တိုက်ခိုက်ခံရတာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။
.
လုံခြုံရေးအန္တရာယ်တွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ WHO က သောကြာနေမှာ ကွန်ဂိုမှာရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး မစ်ရှင်
ဆီကနေ သံချပ်ကာယာဉ်သုံးစီး လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
.
Source – Reuters
.
#KBZTai #International #Ebola
Saturday, June 6, 2026
အီဘိုလာ ထိန်းချုပ်ဖို့ ကန်ဒေါ်လာ ၅၁၈ သန်းတန် စီမံကိန်းကို WHO စတင်
Tags
# UN
# ကျန်းမာရေး
# ပြည်ပသတင်း
Share This
About Kanbawza Tai News
ပြည်ပသတင်း
Tags
UN,
ကျန်းမာရေး,
ပြည်ပသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment