.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်
.
ဇွန်လ စတုတ္တပတ်အတွက် Billboard ကမ္ဘာ့အယ်ဘမ်စာရင်းမှာ တောင်ကိုရီးယား ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BOYNEXTDOOR
ရဲ့ Home အယ်လ်ဘမ်က နံပတ် ၁ နေရာက
ရပ်တည်နိုင်ခဲ့ပါတယ်။
.
.BOYNEXTDOOR ရဲ့ ပထမဆုံးအယ်လ်ဘမ်ဖြစ်တဲ့ Home
က ဘီလ်ဘုတ်ရဲ့တစ်လတာ အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ စာရင်းထဲမှာလည်း
ထိပ်ဆုံး ၂၀ ထဲကို ဝင်ရောက်နိုင်ခဲ့တာပါ။
.
CORITS အဖွဲ့ရဲ့ GreenGreen အယ်လ်ဘမ်က ကမ္ဘာ့အယ်လ်ဘမ်စာရင်းရဲ့အဆင့် ၂ နေရာမှာ ရပ်တည် နိုင်ခဲ့ပြီး
နိုင်ငံတကာအဆင့်မှာ ၇ ပတ်မြောက်ရပ်တည်နိုင်ခဲ့တာပါ။ ဘီလ်ဘုတ် ၂၀၀ စာရင်းမှာလည်း ၆
ပတ်ကြာ ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးအယ်လ်ဘမ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
.
အမျိုးသမီးကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ LE
SSERAFIM ရဲ့ “PUREFLOW” က နံပတ် ၃ နေရာမှာ
ရပ်တည်နိုင်ခဲ့ပြီး ထိပ်ဆုံး အယ်လ်ဘမ် ၁၀ ခုထဲမှာ ၄ ပတ်မြောက် ဆက်လက် ရပ်တည်နိုင်ခဲ့တာလည်း
ဖြစ်ပါတယ်။
.
နောက်ထပ် အမျိုးသမီးအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ AESPA
ရဲ့ “LEMONADE” အယ်လ်ဘမ်က အဆင့် ၄ နေရာမှာ
ရပ်တည်ခဲ့ပြီး ILLIT ရဲ့ “MAMIHLAPINATAPAI” အယ်လ်ဘမ်က အဆင့် ၆ နေရာဆီ ပြန်တက်လာခဲ့ပါတယ်။
.
BTS အဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂ နှစ်အကြာတုန်းက
ထွက်ရှိခဲ့တဲ့ “Proof” အယ်လ်ဘမ်ရဲ့ကျော်ကြားမှုတွေကို
ဆက်လက်ခံစားနေရပြီး ဘီလ်ဘုတ်စာရင်းရဲ့အဆင့် ၇ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂျပန်အယ်လ်ဘမ် “Map of the Soul: 7
~The Journey~” ကလည်း အဆင့် ၁၆ နေရာကို တက်လာခဲ့တာပါ။
.
ဘီလ်ဘုတ်ရဲ့အဆင့်သတ်မှတ်ချက်တွေမှာတော့
အွန်လိုင်းပလက်ဖောင်းတွေဖြစ်ကြတဲ့ Spotify ၊ Youtube တို့ကနေ နားထောင်မှု။ အယ်လ်ဘမ်ဝယ်ယူမှု၊ ဒေါင်းလုပ်ဆွဲမှုတွေအားလုံးကို
ပေါင်းစပ်ပြီး လူကြိုက် အများဆုံး ကနေ အနည်းဆုံးထိ အစဉ်လိုက်
ဖော်ပြထားတာဖြစ်ပါတယ်။
.
ဘီလ်ဘုတ်မှာ တစ်ပတ်တာအကောင်းဆုံး သီချင်းအဖြစ်
နံပတ် ၁ နေရာကို ရနေပြီဆိုရင် အဲဒီသီချင်း/ အယ်လ်ဘမ်က တစ်ပတ်တာအတွင်းမှာ
လူကြိုက်အများဆုံးဖြစ်နေတယ်ဆိုတာကို ဖော်ပြတာပဲဖြစ်ပြီး
ရောင်းအားတွေမြင့်တက်နေသလို၊ နားထောင်သူတွေလည်း အများဆုံးဖြစ်နေတယ်ဆိုတာကို
ဖော်ပြတာ ဖြစ်တာကြောင့် အောင်မြင်မှုအရှိဆုံး ရက်သတ္တပတ်လို့ မှတ်ယူလို့ရပါတယ်။
.
Source – Soompi
.

No comments:
Post a Comment