.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်
.
မိုနာကိုနိုင်ငံက ဘီလျံနာတွေနဲ့
ဇိမ်ခံရွက်လှေတွေရဲ့ နေရာအဖြစ် လူသိများတဲ့ လူနေအဆောက်အအုံ တစ်ခုမှာ ဇွန်လ ၂၉
ရက်နေ့ ည ၉ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယူကရိန်းသူဌေး တစ်ဦး အပါအဝင် ၄
ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
.
.ဒီနေရာက မိုနာကို မြို့လယ်လို့တောင်
ပြောလို့ရတဲ့နေရာဖြစ်ပြီး ပိုက်ဆံချမ်းသာသူတွေ သီးသန့်နေကြတဲ့ နေရာမျိုးပါ။
ပေါက်ကွဲခဲ့တဲ့ဗုံးက လက်လုပ် ဖောက်ခွဲရေးပစ္စည်း တစ်ခုဖြစ်ပြီး သံသယရှိတဲ့ အမျိုးသား
တစ်ဦးကို မိုနာကိုနဲ့ ပြင်သစ်ရဲတပ်ဖွဲ့တို့က လိုက်လံရှာဖွေနေကြပါတယ်။
.
ဒီ ဗုံးပေါက်ကွဲမှုက ယူကရိန်းရဲ့ နာမည်ကျော်
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ယာမိုလိုင်ယက်ဗ် ကို
ပစ်မှတ်ထားတာဖြစ်နိုင်ကြောင်း သတင်းတွေက ဖော်ပြနေကြပြီး ယာမိုလိုင်ယက်ဗ် နဲ့အတူ
သက်ကြီးပိုင်း စုံတွဲတစ်တွဲနဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြတာပါ။
.
မိုနာကိုဝန်ကြီးချုပ် မာမန်က အစောပိုင်းမှာ
ဒီပေါက်ကွဲမှုက “တိုက်ခိုက်မှု” ဖြစ်ပုံရကြောင်း ပြောဆိုခဲ့ ပေမဲ့လည်း
နောက်ပိုင်းမှာတော့ ဒီအသုံးအနှုန်းကို ပြန်လည်ရုပ်သိမ်းပြီး “ရည်ရွယ်ချက်ရှိရှိ
ဖောက်ခွဲမှု” လို့ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
.
ပေါက်ကွဲမှုကြောင့် အသက် ၅၀ နဲ့ ၆၀ ကျော်အရွယ်
ဇနီးမောင်နှံ ၂ ယောက်က အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး ၁၃
နှစ်အရွယ် လူငယ်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာမျိုးသာ ရခဲ့တယ်လို့ ဝန်ကြီးချုပ် က
ပြောခဲ့တာပါ။
.
အသုံးပြုခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေထဲမှာ
သေနတ်ပစ်တဲ့ သံလုံးအသေးတွေနဲ့ စတီးလုံးတွေကို ထည့်သွင်းထားခဲ့တာ
ဖြစ်တဲ့အကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
.
“ကျွန်တော်သိသလောက်တော့ မိုနာကိုရဲ့ သမိုင်းတစ်လျှောက်
ဒီလိုဖြစ်ရပ်မျိုးက ပထမဆုံးအကြိမ်ပါပဲ” လို့ မာမန်က ဆိုပါတယ်။
.
အခြား ဒဏ်ရာရရှိသွားခဲ့သူ တစ်ယောက်ဖြစ်တဲ့
ယာမိုလိုင်ယက်က ၂၀၂၃ ဒီဇင်ဘာလကတည်းက ယူကရိန်း အစိုးရရဲ့ပိတ်ဆို့အရေးယူမှုကို
ခံထားရသူဖြစ်ပြီး ဒီအရေးယူမှုက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ဒေသမှာ
ဖွင့်ထားခဲ့တဲ့ အရက်စက်ရုံလုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြ တာပါ။
.
ပြင်သစ်သတင်းစာတွေရဲ့ဖော်ပြမှုအရတော့
ပေါက်ကွဲမှုမတိုင်မီ အချိန်အတွင်းမှာ အမျိုးသားတစ်ဦးက အဆောက်အအုံ ဧည့်ခန်းထဲမှာ
အိတ်တစ်လုံး လာချထားခဲ့ပြီး ထွက်သွားခဲ့တာကို ရုပ်သံမှတ်တမ်းတွေကနေ
မြင်ခဲ့ရတယ်လို့ဆိုပါတယ်။
.
ပြည်ထဲရေးဝန်ကြီး လော့ရင့်နူနက်ဇ်ကတော့
ရဲတပ်ဖွဲ့အနေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ ကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက်
ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။
.
လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ
ရဲတပ်ဖွဲ့ဝင်အမြောက်အများ ချထားခဲ့ပြီး ပတ်ဝန်းကျင်လမ်း တွေကို
ပိတ်ဆို့ထားတဲ့အပြင် ရဟတ်ယာဉ်တစ်စင်းကိုလည်း ကောင်းကင်မှာ လှည့်ပတ်စောင့်ကြည့်ဖို့
စေလွှတ်ထားတယ်လို့ သိရပါတယ်။
.
Source – Aljazeera
.

No comments:
Post a Comment