တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့၌ ယနေ့ ဇူလိုင်လ ၁၇ ရက်၊ နေ့လယ်ပိုင်းတွင် ဖဲရိုက်လောင်းကစားမှု ပြုလုပ်သည့်
အမျိုးသမီး ၄ ဦး အဖမ်းခံခဲ့ရကြောင်း သိရသည်။
.
တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့် အတူ ရွှေညောင်မြို့၊
အောင်သပြေရပ်ကွက်၊ ရပ်ကွက်(၅)၊ နယ်မြေ(၅)၊ စဉ့်ဟယ်ကျောင်းလမ်းရှိ နေအိမ် တစ်ခု
အတွင်းသို့ ဝင်ရောက် ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်း၌ ဖဲရိုက်လောင်းကစား
ပြုလုပ်နေသည့် အမျိုးသမီး ၄ ဦးကို သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
“ လောင်းကစားအိမ် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းနဲ့ ဝင်ရောက် ရှာဖွေရာကနေ
ဖမ်းမိတာပါ။ တိုင်ကြားမှု ရှိတာကြောင့် ဖြစ်ပါလိမ့်မယ်။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ
ဖဲရိုက် လောင်းကစားမှု ပြုလုပ်သည့် ဒေါ်မြမြဝေ(ခ) ဒေါ်မြဝေ၊ မဇင်မာငြိမ်း၊ မတင်တင်ခိုင်နှင့် မော်မော်ဝင်း တို့ ၄ ဦးကို ရွှေညောင်နယ်မြေရဲစခန်းတွင်
လောင်းကစား ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။
.

No comments:
Post a Comment