ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, July 17, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)



ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ အသေးစားကုန်ထုတ်လုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာများအတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်
.
အသေးစားကုန်ထုတ်လုပ်ငန်းတွေ ဖန်တီးပေးနိုင်ဖို့နဲ့ ကျေးလက်နေ မိသားစုတွေ ဝင်ငွေတိုးရေး စီမံကိန်း အနေနဲ့ ဆောင်ရွက်တဲ့ ဒေသဖွံဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းတွေ ပေးအပ်ပွဲကို ဒီနေ့ မနက်ပိုင်းက တောင်ကြီးမြို့၊ မြိုတော်ခန်းမ မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
.
■ ကျိုင်းတုံ အပါအဝင် ရှမ်းရှေ့ဒေသတွင် စက်သုံးဆီ ရရှိမှု လျော့နည်းနေ
.
ထိုင်းနိုင်ငံဘက်ကနေ လောင်စာဆီ ကန့်သတ်ထားရတာကြောင့် ကျိုင်းတုံမြို့ အပါအဝင် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွေမှာ စက်သုံးဆီ လျော့နည်းနေပြီး ဆိုင်အချို့ အရောင်း ရပ်နားထားရတယ်လို့ သိရပါတယ်။
.
■ ၂၀၂၆ ရဲ့ ကမ္ဘာ့အကောင်းဆုံးကျွန်းအဖြစ် ထိုင်းနိုင်ငံ ကော့စမွေ ကျွန်း ရပ်တည်
.
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားကျွန်း ဖြစ်တဲ့ ကော့စမွေကျွန်းက အမေရိကန် ခရီးသွားမဂ္ဂဇင်း Travel+Leisure ရဲ့ ကမ္ဘာ့ အကောင်းဆုံးကျွန်း အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ နေရာအနှံက ခရီးသွားကျွန်းတွေကို Travel+Leisure စစ်တမ်း ကောက်ခဲ့တာ ဖြစ်ပြီး ခရီးသွား ပရိသတ်ပေါင်း များစွာက မဲပေးခဲ့ကြတာပါ။

No comments:

Post a Comment

Pages