သင့်ကလေးအတွက် စာသင်ကျောင်းကောင်းကောင်း ရှာချင်ရင် သိထားသင့်တဲ့အချက် ၇ ချက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, July 21, 2026

သင့်ကလေးအတွက် စာသင်ကျောင်းကောင်းကောင်း ရှာချင်ရင် သိထားသင့်တဲ့အချက် ၇ ချက်

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်

.

.

ဒီနေ့ခေတ်ကြီးကတော့ မိဘတွေအတွက် စိတ်မောလူမော ဖြစ်ရတဲ့ ခေတ်ပါ။ ကလေးငယ်တစ်ယောက်ကို ပြုစုဖို့၊ ထိန်းသိမ်းဖို့တွေအပြင် ကလေးရဲ့ အနာဂတ်အတွက် စာသင်ကျောင်းကောင်းကောင်း တစ်ခုကို ဘယ်လိုရှာရမလဲဆိုတာကလည်း အလုပ်တစ်ခု ဖြစ်လို့လာပါတယ်။

.

ကိုယ့်ရဲ့ကလေးကို စာသင်ကျောင်းမှာပျော်ဖို့၊ စာတော်စေဖို့၊ အပေါင်းအသင်းဆံ့ဖို့နဲ့ ဘက်စုံထူးချွန်သူ တစ်ယောက်ဖြစ်လာဖို့ စာသင်ကျောင်းတစ်ခုကို ရှာနေတယ်ဆိုရင်တော့ ဒီအချက်တွေကို မမေ့ဖို့ အကြံပေးချင်ပါတယ်။

.

■ သင်ကြားမှုကို ဘယ်လိုပေးသလဲ လေ့လာပါ

ကိုယ့်ရဲ့ကလေးကို ပို့ဆောင်ပေးမယ့်ကျောင်းက စာသင်ကြားမှုကို ဘယ်လိုပုံစံတွေနဲ့ပေးလဲ။ စာတွေချည်းပဲ သင်နေတာလား။ ဒါမှမဟုတ် လက်တွေ့သင်ခန်းစာတွေမှာ အားကောင်းလား။ အတန်းထဲမှာ ဆွေးနွေးပွဲတွေ လုပ်ပေးလေ့ရှိလား။ လေ့လာရေးခရီးတွေပို့လား စသဖြင့် ကိုယ်ရွေးချယ်မယ့်ကျောင်းရဲ့ သင်ကြားမှုစနစ်ကို အရင်ဆုံးလေ့လာပြီး ကိုယ့်ကလေးနဲ့ ကိုက်ညီမှု ရှိ၊မရှိကို စဉ်းစားဖို့လိုပါတယ်။

.

■ လုံခြုံမှုရှိလား

ကိုယ့်ကလေးကို ပို့ဆောင်ပေးမယ့်ကျောင်းက ကလေးအတွက် လုံခြုံမှုရှိရဲ့လားဆိုတာ သေချာစေဖို့ကလည်း အရေးကြီးပါတယ်။ ကျောင်းမှာ အရေးပေါ်အခြေအနေတွေအတွက် လုံခြုံရေးစနစ်ရှိရဲ့လား။ ကလေးတွေ ကစားနေချိန်မှာ ဆရာတွေက စောင့်ကြည့်ပေးတာမျိုးရှိလား။ လုံခြုံရေးဝန်ထမ်းတွေ၊ CCTV တွေရှိရဲ့လား။ ကျောင်းဆင်းချိန်တွေမှာ ကလေးတွေရဲ့လုံခြုံရေးအတွက် ဘာတွေ စီစဉ်ပေးထားလဲ စတာတွေကို စုံစမ်းဖို့ လည်း အရေးကြီးပါတယ်။

.

■ ကျောင်းက ပြသနာတစ်စုံတစ်ရာရှိခဲ့ဖူးလား

ကိုယ့်ကလေးကို ပို့မယ့်ကျောင်းက ကလေးချင်း အနိုင်ကျင့်ခံရတာမျိုးတွေ၊ ဆရာ၊ဆရာမ တချို့က ဥပဒေနဲ့ ငြိစွန်းတဲ့အရာတွေ လုပ်ခဲ့ဖူးတာမျိုးတွေ ရှိ/မရှိ ဆိုတာကိုလည်း အရင်စုံစမ်းကြည့်ဖို့လိုပါတယ်။ နာမည်ပျက် ရှိဖူးတဲ့ကျောင်းတွေက သူတို့အမှားကို ပြန်ပြီး ပြင်ဆင်ကြတယ် ဆိုပေမဲ့လည်း အဲဒီအရိပ်မည်းကြီးတွေ အောက်မှာ ပိတ်မိနေတတ်ပြီး ကလေးတွေရဲ့ စိတ်မှာလည်း အဆင်မပြေဖြစ်လာတတ်ကြတာမို့ ကိုယ် ရွေးချယ်မယ့်ကျောင်းကို ကြိုတင်လေ့လာဖို့က အရေးကြီးတာပါ။

.

■ ကျောင်းတည်နေရာ

ကိုယ့်ကလေးကို ပို့ဆောင်မယ့်ကျောင်းက အိမ်နဲ့နီးလား ဝေးလားဆိုတာကလည်း အရေးကြီးပါတယ်။ အိမ်နဲ့ နီးလွန်းပြန်ရင်လည်း ကလေးက အချိန်မရွေး အိမ်ပြန်ချင်လာတတ်ပြီး ဝေးလွန်းပြန်ရင်လည်း အသွားအလာ လုပ်နေရတာနဲ့တင် ကလေးက ပင်ပန်းမှာပါ။ အထူးသဖြင့် မူလတန်းအရွယ် ကလေးတွေအတွက်က အိမ်နဲ့ နီးတဲ့ကျောင်းကို ရွေးချယ်တာ ပိုပြီး သင့်တော်ပါတယ်။

.

■ ကျောင်းပို့ဆောင်ရေးစနစ်

ကိုယ်ပို့မယ့်ကျောင်းမှာ ဖယ်ရီအကြိုအပို့ရှိလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ပို့ရမှာလားဆိုတာကလည်း ထည့်ပြီးစဉ်းစားရမယ့် အချက်တွေထဲမှာ ပါပါတယ်။ ကျောင်းကားနဲ့ ပို့ဆောင်ရတဲ့အခါ ကလေးတွေရဲ့ လုံခြုံရေးကို မြှင့်တင်ပေးနိုင်သလို မိဘတွေရဲ့ သွားလာပို့ဆောင်ပေးနေရတဲ့ အခက်အခဲကိုလည်း လျှော့ချ ပေးနိုင်တာပါ။

.

■ ကျောင်းသားနဲ့ဆရာအချိုး

တချို့ကျောင်းတွေက ကျောင်းသားအရေအတွက်များလွန်းပြီး ဆရာတွေက နည်းနေတာမို့ ကလေးတွေ အပေါ် ဂရုစိုက်မှုပေးရာမှာ ပျက်ကွက်တာတွေ ရှိတတ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းအပ်ဖို့ စဉ်းစားနေပြီ ဆိုရင် ကိုယ်ရွေးမယ့်ကျောင်းက ကျောင်းသားနဲ့ဆရာ ဘယ်လောက်ရှိသလဲဆိုတာ အရင်ဆုံးသိအောင် စုံစမ်းသင့်ပါတယ်။

.

■ ကုန်ကျစရိတ်

ကျောင်းရွေးချယ်တဲ့နေရာမှာ ကျောင်းလခတစ်ခုတည်း ကုန်မယ်လို့ တွက်ထားလို့ မရပါဘူး။ တစ်နှစ်တာ အတွင်းမှာ ထပ်မံကုန်ကျနိုင်တဲ့ ကျောင်းကားခတွေ၊ စားသောက်စရိတ်တွေ၊ သင်ခန်းစာတွေအတွက် အထောက်အကူပစ္စည်း ဝယ်ရမယ့် စရိတ်တွေ၊ လေ့လာရေးခရီးစရိတ်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ကိုယ်က ကျောင်းလခတော့ တတ်နိုင်ပေမဲ့ အခြားအပိုကုန်စရာတွေရှိလာတဲ့အခါ အဆင်မပြေ တာမျိုးတွေလည်း ဖြစ်လာနိုင်တာမို့ပါ။

.

Source – igauge

.

No comments:

Post a Comment

Pages