ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, July 21, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)



ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ တောင်ကြီးမြိုနယ်၊ ရေပူရွာရှိ ပန်းပေါင်းစက်ရုံ အနံ့ဆိုးများကြောင့် ကလေးငယ်များ စာသင်ရန်ပင် ခက်ခဲနေ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူကျေးရွာမှာ ရှိတဲ့ ပန်းပေါင်းစက်ရုံကနေ အနံ့အသက်ဆိုးတွေ ထွက်နေတာကြောင့် ကလေးတွေစာသင်နိုင်ဖိုတောင် အခက်အခဲ ဖြစ်နေပြီး အနီး ပတ်ဝန်းကျင်ကျေးရွာတွေက ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အဆင်မပြေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

.

■ တောင်ကြီးမှာ အိမ်ရှင်အဖြစ် လာရောက် ကစားတော့မယ့် ရှမ်း အမျိုးသမီးအသင်း
.
မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းကတော့ ဒီတစ်ပတ် ကစားမယ့် ဇွဲကပင်အသင်းနဲ့ပွဲကို တောင်ကြီးမြိုမှာ ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ်နဲ့ လက်ခံ ကျင်းပသွားဖို ရှိနေပါတယ်။ မနက်ဖြန် ဇူလိုင်လ ၂၂ ရက်၊ ညနေ ၃ နာရီခွဲ အချိန်မှာ ကစားကြမှာ ဖြစ်ပြီး တောင်ကြီး ပရိသတ်တွေအနေနဲ့ လာရောက် အားပေးကြဖို ရှမ်းယူနိုက်တက်အသင်းက ဖိတ်ခေါ်ထားတာပါ။

.

■ အီရန်စစ်ပွဲမှာ နောက်ဆုံး ၂ပတ်အတွင်း အမေရိကန်စစ်သား ၁၀၀ ကျော် ဒဏ်ရာရ
.
အမေရိကန်နဲ့ အီရန်တို့ အကြား စစ်ရေး တင်းမာမှုတွေ ဆက်လက် မြင့်တက်နေချိန်မှာ ဇူလိုင် ၇ ရက်ကနေ ဒီနေ့အထိ နှစ်ပတ်အတွင်း အမေရိကန် စစ်သား ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပင်တဂွန်က ထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment

Pages