.
၂၀၂၆
ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်
.
အသေးစားကုန်ထုတ်လုပ်ငန်းများ
ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဆောင်ရွက်သည့်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းက
တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက နိုင်ငံတော်အနေဖြင့်
MSMEs လုပ်ငန်းများကို
အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ မိမိဒေသ ဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်း
လုပ်ငန်းများ အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်းနှင့်
လုပ်ငန်းထူထောင်မည့် သူများအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင် စံနမူနာပြကြိုးစား
ဆောင်ရွက် ကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
.
ထို့နောက်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်
နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျေးရွာ ၁၀ ရွာမှ ကိုယ်စားလှယ်များအား လုပ်ငန်းသုံးပစ္စည်းများ
ပေးအပ်ကာ ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
.
အဆိုပါ
လုပ်ငန်းသုံးပစ္စည်း လက်ခံရရှိသူများအနေဖြင့် လက်ခံရရှိပြီး ၃ လအတွင်း လုပ်ငန်းစတင်
လုပ်ကိုင် ရမည်ဖြစ်ပြီး ၆ လအတွင်း ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင်
မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ကာ ၃ လအတွင်း လုပ်ငန်းထူထောင်နိုင်ခြင်း မရှိပါက စက်ပစ္စည်းများအား
လက်ခံစဉ် က အခြေအနေအတိုင်း ပြန်လည်သိမ်းယူခံရမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင်
လုပ်ငန်းကို ၃ နှစ်ဆက်တိုက် လုပ်ကိုင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနက လုပ်ငန်းဆောင်ရွက်မှု
အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစိစစ် အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
အခမ်းအနားတွင် တောင်ကြီး ခရိုင်နှင့် ကလောခရိုင်ရှိ ကျေးရွာ ၁၀ ရွာမှ လုပ်ငန်းစတင်လုပ်ကိုင်
မည့် လုပ်ငန်း ၁၀ ခုအတွက် လက်ရက်ကန်းစင် အပါအဝင် လုပ်ငန်းသုံးပစ္စည်း အမယ် အမျိုး
၂၀၊ အရေ အတွက် ၂၅၁ ခုကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.


No comments:
Post a Comment