မြို့တော်
တောင်ကြီးမှာ ရှိတဲ့ မြကန်သာ ပန်းခြံကို တွေ့မြင်ရတာ ဖြစ်ပါတယ်။ မြကန်လို့ လူသိများတဲ့
ပန်းခြံဟာ တောင်ကြီးမြို့ရဲ့ အထင်ကရ နေရာတွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အပန်းဖြေ
နေရာ ဖြစ်ပေမယ့် ဆိုင်ကယ်ခိုးယူ ခံရမှု မကြာခဏ ဖြစ်ပွားလေ့လည်း ရှိတတ်ပါတယ်။
.
တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ကြီးကြပ်မှုအောက်မှာ ရှိတဲ့ မြကန်သာပန်းခြံ အပါအဝင် ဂနိုင်ကန်ပန်းခြံ၊ ထီသိမ် View Point တို့ကို ပုဂ္ဂလိကကုမ္ပဏီတွေကို စာချုပ် ချုပ်ဆို တာဝန် ပေးအပ်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ ကတော့ တောင်ကြီးမြို့ပေါ်မှာ တစ်ခုတည်း ကျန်ရှိတဲ့ အများပြည်သူ အခမဲ့ အနားယူ အပန်းဖြေရာ ပန်းခြံ တစ်ခု ဖြစ်ပါတယ်။
No comments:
Post a Comment