.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်
ယမန်နေ့ ဩဂုတ်လ ၁၁ ရက်က အွန်လိုင်းလိမ်လည်လောင်းကစား မှုများ လုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသား
အမျိုးသား ၆၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း
သိရသည်။
.
.လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဩဂုတ်လ ၁၁ ရက်၊ နံနက် ၁၀ နာရီခွဲ ခန့်က မူဆယ်မြို့၊
တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေခဲ့ကြောင်း
သိရသည်။
.
ထိုသို့ ရှာဖေွရာတွင် နေအိမ်အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ
တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား ဖုန်းမျိုးစုံ ၈၅ လုံး All In One ကွန်ပျူတာ ၁၁ လုံး၊ Star Link ၂ လုံး၊ Power
Station ၂ လုံး၊ Laptop ၄ လုံး၊ UPS ၁ ခု ၊ ဆိုင်ကယ် ၂ စီး ၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား
လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ
အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား
လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment