.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်
.
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ကျောက်မဲမြို့နယ်ရှိ
တိုးဂိတ်တွင် ယမန်နေ့ ဩဂုတ်လ ၁၁ ရက်၊ ညနေပိုင်းက ကားတစ်စီး မီးလောင်ရာမှ
တိုးဂိတ်အဆောက်အအုံ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွာခဲ့ ကြောင်း သိရသည်။
.
.ကျောက်မဲမြို့နယ်၊ ပန်းပေါင်းကျေးရွာအနီးရှိ တိုးဂိတ်တွင် ယမန်နေ့ ဩဂုတ်လ ၁၁ ၇က်၊ ညနေ ၅ နာရီခွဲခန့်က ဖြတ်သန်းသွားလာနေသည့် Canter အမျိုးအစား မော်တော်ယာဉ်တစ်စီး ဝါယာရှော့ခ် ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှု ဖြစ်ပွားရာသို့ ကျောက်မဲခရိုင်
မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ် ရေသယ်ယာဉ်
၂ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင်
မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရ
သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
.
#KBZTai #Shan #Kyaukme #Fire
.

No comments:
Post a Comment