.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်
.
၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများအတွက်
ကျောင်းဝင်မှတ်ပုံတင် လက်ခံပေးမည့်ကာလကို ဩဂုတ် လ ၁၄ ရက်အထိ နောက်ဆုံးအကြိမ်အဖြစ် တိုးမြှင့်ပေးထားကြောင်း
သိရသည်။
.
အဝေးသင် တက္ကသိုလ် ကျောင်းအပ်လက်ခံရက်ကို မူက ဇူလိုင်လကုန်အထိ
လက်ခံ ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/သူများ အဆင်ပြေစေရန်အတွက် ဩဂုတ်လ
၁၄ ရက်အထိ ရက်သတ္တနှစ်ပတ် ထပ်မံတိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
၂၀၂၅ ခုနှစ်နှင့် ယခင်နှစ်များတွင်
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် စနေ၊ တနင်္ဂနွေမှအပ ကျန်ရက်များတွင်
သက်ဆိုင်ရာ တက္ကသိုလ်များသို့ ကိုယ်တိုင်သွားရောက်၍ ကျောင်းဝင် မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း
သိရသည်။
.
ကျောင်းအပ်နှံရာတွင်
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်း၊ ကျောင်းသား/သူနှင့် မိဘနှစ်ပါး၏
နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာများ၊
လိုင်စင်ဓာတ်ပုံ ၈ ပုံတို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ဩဂုတ်လ ၁၄ ရက်သည် ထက် ကျော်လွန်ပါက မည်သည့်နည်းလမ်းဖြင့်မျှ
ကျောင်းအပ် လက်ခံပေးမည်မဟုတ်ကြောင်း သိရသည်။
.

No comments:
Post a Comment