.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်
.
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ စစ်သုံးအဆင့်
လက်နက်တွေ၊ C4 ဖောက်ခွဲရေးပစ္စည်းတွေ၊ ရေဒီယိုလှိုင်း ကြားဖြတ်စက်တွေနဲ့
တားမြစ်စစ်သုံးပစ္စည်းတွေ ရှာတွေ့ခဲ့တဲ့ တရုတ်နိုင်ငံသားကို ထိုင်းတရားရုံးက ထောင်ဒဏ်
၄၆ နှစ် ချခဲ့ပါတယ်။
.
.ပတ္တရားခရိုင်တရားရုံးက တနင်္လာနေ့မှာ စီရင်ချက်
ချခဲ့တာဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် ဆွန်မင်ချန်နဲ့ တရားခံတစ်ဦးကို အစိုးရရှေ့နေတွေ
စွဲဆိုထားတဲ့ လက်နက်မှုအပေါ် စီရင်ခဲ့တာပါ။ ဒီအမှုက မေလ ၈ ရက်မှာ ရဲတပ်ဖွဲ့ရဲ့
စစ်ဆင်ရေးအတွင်း ဆွန်ရဲ့နေအိမ်ထဲမှာ တွေ့ခဲ့ရတဲ့ လက်နက်တွေ သိမ်းဆည်းရရှိမှုကို
အခြေခံခဲ့တာပါ။
.
သိမ်းဆည်းရမိခဲ့တဲ့ပစ္စည်းတွေထဲမှာ M4 နဲ့ M16 စစ်သုံးချေမှုန်းရေး ရိုင်ဖယ်တွေ၊
ခဲယမ်းတွေ၊ ကျည်အိမ်တွေ၊ အားပြင်းဖောက်ခွဲရေးပစ္စည်းတွေ၊
ဗုံးလုပ်ရာမှာအသုံးပြုနိုင်တဲ့ အစိတ်အပိုင်းတွေ အပြင် ကျည်ကာအင်္ကျီတွေကိုပါ
တွေ့ခဲ့ရတာဖြစ်ပါတယ်။
.
တရားခွင်အတွင်းမှာ ဆွန်က စွဲချက်အားလုံးအတွက်
အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး အတူဖမ်းမိခဲ့တဲ့ တရားခံမိန်းကလေးကတော့
စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့တာပါ။
.
အဲဒါကြောင့်ပဲ တရားရုံးက မိန်းကလေးရဲ့ အမှုကို
ယာယီခွဲထုတ်ထားခဲ့ပြီး အစိုးရရှေ့နေတွေကို ၁၅ ရက်အတွင်းမှာ ပြန်လည်တင်သွင်းဖို့
အမိန့်ချခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် တရားစီရင်မှုတွေ မပြီးမချင်း အချုပ်ထဲမှာ
ဆက်ပြီးထိန်းထားဖို့လည်း ညွှန်ကြားခဲ့တာပါ။
.
တရားရုံးက ဆွန်အနေနဲ့
လက်နက်ထိန်းချုပ်ရေးဥပဒေနဲ့ ရေဒီယိုဆက်သွယ်ရေး ဥပဒေတို့ကို
ချိုးဖောက်ခဲ့တဲ့အကြောင်း တွေ့ရှိခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနဲ့
ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ ပြင်းထန်ပြစ်မှုတွေဖြစ်တယ်လို့
တရားရုံးက သုံးသပ်ခဲ့တာပါ။
.
ပြစ်ဒဏ်ကို ဝန်ခံခဲ့တာကြောင့် တရားရုံးက
ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးမှာတော့ ထောင်ဒဏ် စုစုပေါင်း ၄၆
နှစ် ကျခံဖို့ ချမှတ်လိုက်တာဖြစ်ပါတယ်။
.
တရားရုံးက စုံစမ်းစစ်ဆေးမှုအတွင်းမှာ
သိမ်းဆည်းရမိခဲ့တဲ့ ၉ မီလီမီတာ ပစ္စတို၊ ရိုင်ဖယ်တွေ၊ ခဲယမ်း မီးကျောက်တွေနဲ့
ပေါက်ကွဲရေး ပစ္စည်းတွေအပြင် အားလုံးကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဖို့လည်း
အမိန့်ချခဲ့ပါတယ်။
.
ဒီအမှုက ပတ္တရားခရိုင် တရားရုံးရဲ့ အရေးပါတဲ့
အမှုတစ်ခုဖြစ်လာခဲ့ပြီး ဖမ်းဆီးတဲ့နေ့ကနေ ၃ လ မပြည့်ခင် တရားရုံးစီရင်ချက်ကို
ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment