.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်
.
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာရှိတဲ့
ကွန်ဒိုတစ်လုံးမှာ တနင်္လာနေ့ မနက်ပိုင်းက ကြောင်တစ်ကောင်ကြောင့်
မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေထိုင်သူတွေကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
.
.မီးလောင်မှုကြောင့် အခန်းအတွင်းမှာ
ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့တဲ့ အကြောင်း
အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
.
တနင်္လာနေ့မနက် ၂ နာရီခွဲကျော်မှာ ပတ္တရား၊
ဘန်လမွန်ဒေသမှာရှိတဲ့ ကွန်ဒိုရဲ့ အဆောက်အအုံ D ၊ ၆ ထပ်မှာ
မီးလောင်မှုဖြစ်နေတဲ့အကြောင်း ရဲတပ်ဖွဲ့က သတင်းရခဲ့ပြီးတဲ့နောက် မီးသတ်တပ်ဖွဲ့၊
သဘာဝ ဘေးကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ
မီးလောင်တဲ့နေရာဆီ ရောက်လာခဲ့ကြတာပါ။
.
အဆောက်အအုံတစ်ခုလုံးမှာ မီးခိုးတွေ
ပျံ့နှံ့နေခဲ့ပြီး မီးကူးစက်မှု မဖြစ်ဖို့အတွက် မီးသတ်တွေက ကြိုးစားခဲ့ကြရတာပါ။
ထိုင်းနဲ့ နိုင်ငံခြားသားနေထိုင်သူတွေ အားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ ရသလို
၂ နာရီလောက် ငြှိမ်းသတ်ပြီးတဲ့နောက် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
.
မီးလောင်ခဲ့တဲ့ အခန်းပိုင်ရှင်က
မီးခိုးနံ့ကြောင့် အိပ်ယာက နိုးလာခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပြီး
မီးဖိုချောင်မှာရှိတဲ့ လျှပ်စစ်မီးဖိုးအနီးမှာ မီးတောက်တွေကို တွေ့ခဲ့ရတယ်လို့
ပြောခဲ့တာပါ။ အဲဒီနောက်မှာတော့ အိမ်နီးချင်းတွေနဲ့ ကွန်ဒိုဝန်ထမ်းတွေဆီ
အကူအညီတောင်းဖို့ ပြေးထွက်ခဲ့ပြီး မီးက လျှင်မြန်စွာနဲ့ ပျံ့နှံ့သွားခဲ့တယ်လို့
ဆိုပါတယ်။
.
အခန်းပိုင်ရှင်ကတော့ သူမွေးထားတဲ့ကြောင်က
လျှပ်စစ်မီးဖိုရဲ့ ခလုတ်ကို နင်းမိတာကြောင့် မီးလောင်မှု ဖြစ်ခဲ့တယ်လို့
သံသယရှိနေပြီး အရင်ကလည်း ဒီလိုဖြစ်ရပ်မျိုး ကြုံခဲ့ဖူးတဲ့အကြောင်း ပြောပါတယ်။
.
ချွန်ဘူရီဒေသကြီးရဲ့ မှုခင်းသိပ္ပံဌာနကတော့
မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကို အတိအကျ သိနိုင်ဖို့အတွက်
အခင်းဖြစ်တဲ့နေရာကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
.
Source – Khaosad
.

No comments:
Post a Comment