ဝင်းနိုင်ထွန်းရဲ့ ပထမဆုံး နိုင်ငံတကာ Hat-Trick ဂိုးနဲ့ လာအိုကို နိုင်ခဲ့တဲ့ မြန်မာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, August 4, 2026

ဝင်းနိုင်ထွန်းရဲ့ ပထမဆုံး နိုင်ငံတကာ Hat-Trick ဂိုးနဲ့ လာအိုကို နိုင်ခဲ့တဲ့ မြန်မာ


ဒီနေ့ ညနေပိုင်းမှာ ကစားခဲ့ကြတဲ့ မြန်မာအသင်းနဲ့ လာအိုအသင်းတို့ရဲ့ အာဆီယံဟွန်ဒိုင်းဖလား ပွဲစဉ်မှာတော့ မြန်မာက အိမ်ရှင် ပရိသတ်အရှေ့မှာ ၇-၂ ဂိုးဆို တဲ့ ရလာဒ်နဲ့ အနိုင် ရသွားခဲ့ပြီး တိုက်စစ်မှူး ဝင်းနိုင်ထွန်း ကလည်း သူ့ရဲ့ နိုင်ငံတကာပွဲ ပထမဆုံး Hat-Trick သွင်းဂိုး ကို ရရှိသွားခဲ့ပါတယ်။

.
သန်းပိုင်၊ ဝင်းနိုင်ထွန်း တိုက်စစ်အတွဲကို အထောင်ထားပြီး လွင်မိုးအောင်၊ မောင်မောင်လွင်၊ ကျော်မင်းဦး၊ မြတ်ကောင်းခန့် တို့ရဲ့ ကွင်းလယ်နဲ့ ကစားခဲ့တဲ့ မြန်မာက ပွဲချိန် ၂ မိနစ်မှာတင် အဖွင့်ဂိုး ရခဲ့တာ ဖြစ်ပြီး လွင်မိုးအောင်က သွင်းပေးခဲ့တာပါ။
.
ဒီပွဲမှာ ဇွဲခန့်မင်း၊ စိုးမိုးကျော်၊ ဟိန်းဇေယျာလင်း၊ ခွန်ကျော်ဇင်ဟိန်း တို့ရဲ့ခံစစ်က အမှားတွေ များခဲ့ပြီး ပွဲချိန် ၁၇ မိနစ်နဲ့ ၂၃ မိနစ်တွေမှာ လာအိုအသင်းကို ခံစစ်ကစားပုံ မသေသပ်မှုကနေ ဂိုးတွေ ပေးခဲ့ရတာပါ။ ပွဲချိန် ၄၂ မိနစ်အထိ လာအိုအသင်းက ၂-၂ လိုက် ကန်ထားပေမယ့် နောက်ပိုင်း မိနစ်တွေမှာတော့ မြန်မာရဲ့ တိုက်စစ်ကစားပုံကို တောင့် မခံနိုင်တော့ဘဲ ပွဲချိန် ၄၂ မိနစ်မှာ ဝင်းနိုင်ထွန်းရဲ့ ဂိုး၊ ပထမပိုင်း ပြီးခါနီး နောက်ဆုံး မိနစ်မှာ မောင်မောင်လွင်ရဲ့ ပင်နယ်တီဂိုးတွေကို ခွင့်ပြုပေးလိုက်ရတာပါ။
.
လာအိုကို အနိုင် သေချာတဲ့ အနေအထား၊ လာမယ့်ပွဲမှာ ထိုင်းနဲ့ ကစားရဖို့ ရှိနေတဲ့ အနေအထားမှာ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ မောင်မောင်လွင်ရဲ့ ကစားပုံနဲ့ ဉာဏ်ရည်ဉာဏ်သွေး ကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက မောင်မောင်လွင် လာအိုကစားသမားကို အနောက်ကနေ အသားလွတ် လှမ်းကန်ခဲ့ပြီး ဒိုင်က လစ်လျူရှုလိုက်လို့ သက်သာခဲ့တာပါ။
.
ဒုတိယပိုင်းမှာလည်း သန်းပိုင်ရဲ့ ၅၂ မိနစ် သွင်းဂိုးနဲ့ ၅-၂ ဖြစ်နေတဲ့ အနေအထားမှာ လာအို ကစားသမားကို လက်ပြန် ရိုက်ခဲ့လို့ မောင်မောင်လွင် အနီကတ်နဲ့ ထွက်လိုက်ရပါတယ်။ နိုင်ငံပြင်ပမှာ ထွက်ပြီး ကစားဖူးတဲ့သူ တစ်ယောက်၊ နိုင်ငံ လက်ရွေးစင်တစ်ယောက် ဆိုတာအပြင်၊ အသင်းခေါင်းဆောင် တစ်ယောက်ပါ ဖြစ်နေပေမယ့် မောင်မောင်လွင်ရဲ့ စိတ်လိုက်မာန်ပါ လုပ်လိုက်မှုကတော့ မြန်မာအသင်းကို တော်တော်လေး နစ်နာသွားစေပြီး ထိုင်းနဲ့ ပွဲမှာ ဘယ်ခြမ်းက လုံးဝကို အားလျော့သွားတော့မှာပါ။
.
ဒီပွဲမှာ တစ်ပွဲလုံး တိုက်စစ်ပုံစံ ကစားသွားခဲ့ပြီး ပျော်ပျော်ကြီး ဂိုးတွေပေးသွားခဲ့တဲ့ လာအိုရဲ့ ကစားပုံက ကြည့်လို့ ကောင်းခဲ့ပြီး သူတို့ရဲ့ခံစစ်က မြန်မာတိုက်စစ်ကို ဘယ်လိုမှ မထိန်းနိုင် ဖြစ်ခဲ့တာပါ။ တစ်ဖက်စီ အနီကတ် ထိပြီးတဲ့ နောက်မှာလည်း လာအိုက တိုက်စစ်ဖွင့် ဆော့သွားခဲ့လို့ ပွဲချိန် ၈၁ မိနစ်မှာ ဟိန်းထက်အောင်၊ ၈၃ မိနစ်မှာ ဝင်းနိုင်ထွန်း တို့ရဲ့ ဂိုးတွေကို ထပ် ပေးလိုက်ရပြီး ပွဲအပြီးမှာ ၇-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။
.
မြန်မာအသင်းက လာမယ့် ဩဂုတ်လ ၈ ရက်နေ့မှာ ထိုင်းအသင်းနဲ့ အဆုံးအဖြတ်ပွဲ ကစားရမှာ ဖြစ်ပြီး ထိုင်းကို နိုင်မှ နောက်တစ်ဆင့် တက်နိုင်မယ့်အနေအထား ဖြစ်သွားပြီမို့ ပရိသတ်တွေအနေနဲ့ ဆုတောင်းနေရုံပဲ ရှိပါတော့တယ်။

No comments:

Post a Comment

Pages