အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA-မိုင်းလား) နှင့် NSPNC တို့ နေပြည်တော်တွင် တွေ့ဆုံ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, August 11, 2026

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA-မိုင်းလား) နှင့် NSPNC တို့ နေပြည်တော်တွင် တွေ့ဆုံ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်

.

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားတပ်ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC) တို့ ယမန်နေ့ ဩဂုတ်လ ၁၀ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ တွေ့ဆုံရာတွင် နှစ်ဘက် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပြု ပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတားပုံမှန်ပြန် လည်ဖြတ်သန်းသွားလာနိုင်ရေး၊ နယ် စပ်ဒေသပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုအဆင့်အတန်းကို မြှင့်တင်နိုင်ရေးအတွက် သင်ကြားရေး ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ရေး အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

ထို့နောက် ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်လက်မှတ်ရေးထိုး အတည်ပြုပြီး NDAA ဥက္ကဋ္ဌ ဦးထိန်လင်း က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

.

အမျိုးသားစည်းလုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC) ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားသို့ သွားရောက်၍ NDAA ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သေးသည်။

.

No comments:

Post a Comment

Pages