.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် လူမှုကွန်ရက်
TikTok အကောင့်တုတစ်ခုဖြင့် ကျောင်းသူများ အပါအဝင် မိန်းကလေးငယ်များကို
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြိမ်းခြောက်မှုများ ရှိနေသည်ဟု သိရသည်။
.
.
cc1997803 အမည်ပါ TikTok အကောင့်ဖြင့်
မိန်းကလေးများ၏ ဓါတ်ပုံ၊ ဗီဒီယိုများကို မဟုတ်မမှန် ရေးသားပြီး ၎င်းအကောင့်တွင် တင်နေခြင်းဖြစ်ကာ
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ရေးသားမှုများ ပြုလုပ် နေသည်ဟု သိရသည်။
.
“ကလောမြို့မှာရှိတဲ့ ကျောင်းသူတွေ အပါအဝင် မဆိုင်တဲ့သူတွေကိုပါ
Video တွေ ခိုးရိုက်ပြီး လိင်ပိုင်းဆိုင်ရာ နှောက်ယှက်တာ၊ မဟုတ်မမှန်ရေးသားတာတွေ
ဆက်တိုက် တင်နေပါတယ်။ သူက ဘယ်သူဆိုတာတော့ ပုံ အစစ်ကို ချမပြဘူးရှင့်။ မိန်းကလေးတစ်ယောက်ချင်းစီကို
ဟိုတယ်မှာ အိပ်တာတွေရာ မဟုတ်တာတွေကို ပြောနေတယ်။ ပြောလေ ပိုတင်လေလေ၊ ပြောတဲ့သူကိုပါ
တင်ပါတယ်” ဟု ကလေးမြို့နေ အမျိုးသမီးတစ်ဦး က ပြောသည်။
.
အဆိုပါ အကောင့်အတုမှ မိန်းကလေးငယ်များအား မဟုတ်မမှန်ရေးသားခြင်း
အပြင် မိန်းကလေး တစ်ဦး တစ်ယောက်ချင်းစီကို အမည်၊ မိဘအလုပ်အကိုင်မှအစ လိုက်လံရှုတ်ချရေးသားပြီး
သိက္ခာကျစေရန် လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
.
“အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေအတွက် ဆိုရင် အဲဒါမျိုးက
စိုးရိမ်စရာတစ်ခုပဲလေ။ ငယ်ရွယ်တဲ့ မိန်းကလေးတွေ ကျတော့ စိတ်ထိခိုက်ပြီး၊ ရှက်ပြီး တစ်ခုခု
လုပ်သွားမှာ စိုးရတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဆိုတာ ရှိတာ မှန်ပေမဲ့ အဲဒါကြီးကလည်း
ထိရောက်မှု မရှိနေဘူး။ အကောင့်အတုနဲ့ ဆိုရင် ဘယ်လိုသွားစုံစမ်းမလဲ။ ဘယ်လိုအရေးယူရမှာလဲပေါ့။
ဥပဒေက ပြဌာန်းထားတာ မှန်ပေမဲ့ ဘယ်သူမှ ထိထိရောက်ရောက် အရေးမယူနိုင်သေးဘူး” ဟု အောင်ပန်းမြို့နေ
အမျိုးသမီးတစ်ဦးကလည်း ပြောဆို ခဲ့သည်။
.
ယင်းကဲ့သို့ မိန်းကလေးငယ်များအား မဟုတ်မမှန်ရေးသားကာ
လူမှုကွန်ရက်တွင် တင်ပြီး လိုင်ပိုင်းဆိုင်ရာ အနှောက်အယှက် ပေးခြင်း၊ သိက္ခာချ မဟုတ်မမှန်ရေးသားခြင်းများ
ပြုလုပ်နေသည့် အကောင့်ပိုင်ရှင်ကို အရေးယူပေးစေလိုကြောင်း ကလောဒေသခံများက ပြောဆိုကြသည်။
.
အဆိုပါ TikTok အကောင့်တွင်
အမျိုးသမီး ၅၀ ဦးထက် မနည်း၏ ရုပ်ပုံများကို တင်၍ ခြိမ်းခြောက်ကာ meesage ဖြင့်လည်း မိန်းကလေးငယ်များအား မဖွယ်မရာများ ရေးသားပေးပို့နေကြောင်း
သိရသည်။
.

No comments:
Post a Comment