တောင်ကြီးတက္ကသိုလ်အနီးတွင် တွဲကားနှင့် ဆိုင်ကယ် ချိတ်မိပြီး ဆိုင်ကယ်သမား သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 29, 2026

တောင်ကြီးတက္ကသိုလ်အနီးတွင် တွဲကားနှင့် ဆိုင်ကယ် ချိတ်မိပြီး ဆိုင်ကယ်သမား သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ တောင်ကြီးတက္ကသိုလ်အနီးတွင် ယနေ့ ဩဂုတ်လ ၂၉ ရက်၊ ညနေ ၆ နာရီခွဲ ခန့်က တွဲကားနှင့် ဆိုင်ကယ် ချိတ်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းအတိုင်း တောင်ကြီးတက္ကသိုလ် ဘက်မှ ဧရာဝတီလမ်းဆုံဘက်သို့ ယာဉ်မောင်း ဦးအေးနိုင် မောင်းနှင်လာသော ၂၂ ဘီး တွဲယာဉ်သည် တက္ကသိုလ်ဓမ္မာရုံအနီး အရောက်တွင် လားရာတူအတိုင်း တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်နေ ချစ်ကိုဇော် မောင်းနှင်လာသည့် ဆိုင်ကယ်အား ပွတ်ချိတ်မိပြီး ယာဉ်၏ နောက်ဘီးဖြင့် ကြိတ်မိခဲ့ရာ ဆိုင်ကယ် မောင်းနှင်သူ ချစ်ကိုဇော် မှာ အခင်းဖြစ် နေရာတွင် သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ကားကြီးတွေက မြို့ထဲမှာတော့ ထိန်းထိန်းသိမ်းသိမ်း မောင်းစေချင်တယ်။ ကားကြီးတွေကို မြို့ထဲ ပေးဝင် ရင်လည်း ကားဆရာတွေကို မြို့အဝင်မှာ အရှိန်ထိန်း မောင်းဖို့ မှာတာမျိုး လုပ်ပေးစေချင်တယ်။ ကားကြီး တွေ တွေ့ရင် ရပ်ထားပေးရတယ်၊ လမ်းက မကောင်းတဲ့ အပြင် ကျဉ်းလည်း ကျဉ်းတယ် ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာမောင်းနှင်မှုကြောင့် အခြားသူအား သေဆုံးအောင် မောင်နှင်သူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း ဦးအေးနိုင်အား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages