ထိုင်းနိုင်ငံသားတစ်ဦးထံမှ စိတ်ပြောင်းမူးယစ်ဆေး ကက်တမင်း ၈ ကီလို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 30, 2026

ထိုင်းနိုင်ငံသားတစ်ဦးထံမှ စိတ်ပြောင်းမူးယစ်ဆေး ကက်တမင်း ၈ ကီလို ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇွန်လ ၂၇ ရက်၊ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံသားတစ်ဦးထံမှ စိတ်ပြောင်းမူးယစ်ဆေး ကက်တမင်း ၈ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၇ ရက်၊ နေ့လယ် ၂ နာရွီဲခန့်က တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေးတွင် လမ်းလျှောက်လာ သည့် ထိုင်းနိုင်ငံသား Mr. Chairat Visitsri (ချိုင်းလက် ဝစ်စ်စီ) အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်း ဆေးဝါး ကက်တမင်း အလေးချိန် ၈ ကီလို၊ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၉၆၀ အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား Mr. Chairat Visitsri (ချိုင်းလက် ဝစ်စ်စီ) အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages