ပတ္တယားဘားမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူ ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, August 31, 2026

ပတ္တယားဘားမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူ ၂ ဦး ဒဏ်ရာရ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

.

ထိုင်းနိုင်ငံ ပတ္တယားမြို့က ဘားတစ်ခုမှာ တနင်္လာနေ့ မနက်အစောပိုင်းက အမျိုးသားနှစ်ဦးကြား စကားများရန်ဖြစ်ရာကနေ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ပါတယ်။ အခင်းဖြစ်စဉ် အတွင်း သေနတ်သုံးချက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

.

.

ချွန်ဘူရီခရိုင်၊ ဘန်လမုန်မြို့နယ်၊ နောင်ပြရပ်ကွက်၊ တောင်ပတ္တယားလမ်းပေါ်က ဘားတစ်ခုအပြင်မှာ မနက် ၂ နာရီခွဲခန့်က စကားများ ရန်ဖြစ်ကြတာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် မွန်ကွန် “မက်စ်” ခမ်းပရာဆွန် ဆိုသူမှာ ညာဘက်ခြေသလုံး သေနတ်ကျည်ထိမှန်ဒဏ်ရာ ရရှိထားပါတယ်။ သူ့ရဲ့ ချစ်သူက ရန်ဖြစ်တာကို ဝင်ရောက်တားဆီးရာကနေ  ဦးခေါင်းမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

.

နောက်ထပ် ဒဏ်ရာရရှိသူကတော့ အသက် ၃၆ နှစ်အရွယ် ရတ်ချဖွန် “ဘောလ်” နမ်ဂျိုင်ဒီ ဖြစ်ပြီး မျက်နှာရောင်ရမ်းဒဏ်ရာနဲ့ ဘယ်ဘက်ခြေထောက်မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာ ရရှိထားပါတယ်။

.

သူတို့နှစ်ဦးကို ပတ္တယားမြို့ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံကို သူတို့နှစ်ဦးလုံးရဲ့ မိတ်ဆွေတွေက လိုက်ပါလာခဲ့ပြီး ဆေးရုံးမှာ နှစ်ဖက်အချင်းများမှုတွေ ဖြစ်လာတာကြောင့် လုံခြုံရေးအရ လူနာနှစ်ဦးကို သီးခြားဆေးရုံတွေကို ပြောင်းရွှေ့ကုသပေးခဲ့ပါတယ်။

.

ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရာမှာ နှစ်ယောက်လုံးပြောဆိုချက်တွေဟာ ကွဲလွဲမှုတွေရှိနေပြီး သေနတ်နဲ့ ဘယ်သူက စပစ်တာလဲ ဘယ်လိုဖြစ်တာလဲဆိုတာ သိရအောင် ဆက်လက်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

.

Ref – Bangkok Post

No comments:

Post a Comment

Pages