ရွှေညောင်တွင် ကျောင်းသူတစ်ဦးအား သွေးဆောင်ဖြားယောင်းသူ ၂ ဦးကို အရေးယူထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, August 31, 2026

ရွှေညောင်တွင် ကျောင်းသူတစ်ဦးအား သွေးဆောင်ဖြားယောင်းသူ ၂ ဦးကို အရေးယူထား



ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့နေ Grade 11 ကျောင်းသူ တစ်ဦးကို သွေးဆောင် ဖြားယောင်း၍ ခေါ်ဆောင်သူ ၂ ဦးကို ယနေ့ ဩဂုတ်လ ၃၁ ရက်တွင် ဖမ်းဆီး အရေးယူးထားသည်ဟု သိရသည်။

.

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်တွင် ရွှေညောင်မြို့နေ အသက် ၁၇ နှစ်အရွယ် ကျောင်းသူ တစ်ဦး ပျောက်နေသဖြင့် မိခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်ပြီး ယခုတွင် ကျောင်းသူအား သွေးဆောင် ဖြားယောင်း၍ ခေါ်ဆောင်သူများကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ အမှုဖွင့်လှစ်၍ စုံစမ်းမှုအရ မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ မြရည်နန္ဒာရပ်ကွက်နေ နေဦးလှိုင် သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ နန်းခမ်းလေ အား ကျောင်းသူကို ခေါ်ဆောင်၍ မန္တလေးသို့ လာရောက်ရန် ခိုင်းစေသဖြင့် နန်းခမ်းလေ က ကျောင်းသူ ကို မန္တလေးသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သိရခြင်း ဖြစ်သည်။

.

ယင်းနောက် ကျောင်းသူ၏ မိဘအုပ်ထိန်းသူနှင့် ရဲတပ်ဖွဲ့ဝင်များက မန္တလေးသို့ သွားရောက်ပြီးနောက် ကျောင်းသူ မိန်းကလေးငယ်အား ခေါ်ဆောင်ပြီးနောက် သွေးဆောင် ဖြားယောင်းသူ ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

အဆိုပါ မိဘ အုပ်ထိန်းသူ၏ ခွင့်ပြုချက် မရှိဘဲ အသက် ၁၇ နှစ်အရွယ် ကျောင်းသူကို သွေးဆောင် ဖြားယောင်း၍ ခေါ်ဆောင်ခဲ့ကြသည့် နေဦးလှိုင် နှင့် နန်းခမ်းလေ တို့ကို ရွှေညောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ-၃၆၃ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

.

No comments:

Post a Comment

Pages