.
.
■ ကားကို သော့တုဖြင့် ဖွင့်၍ သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိ ရွှေနှင့် ငွေ ခိုးယူသူများအား
ဖမ်းမိ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊
ကျောင်းကြီးစုရပ်ကွက်မှာ မနေ့ စက်တင်ဘာလ ၅ ရက်၊ ညနေပိုင်းက ကားအတွင်းမှာ
ထည့်ထားတဲ့ ကျပ်သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိတဲ့ ရွှေထည်နှင့် ငွေသားတွေကို ကားသော့
အတုနဲ့ ဖွင့်ပြီး ခိုးယူသွားတဲ့သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
.
■ ကုန်ကျစရိတ် မြင့်တက်လာသော်လည်း ပြိုင်ပွဲဝင် မီးပုံးပျံ အလုံးရေ ပိုမို များပြားလာနိုင်
.
မီးပုံးပျံ ပြုလုပ်ဖို့အတွက် ရှမ်းစက္ကူနဲ့
ယမ်းပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတာကြောင့် ကုန်ကျစရိတ် မြင့်တက်နေပေမဲ့ အခုနှစ်
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲမှာ ပြိုင်ပွဲဝင်
မီးပုံးပျံအရေအတွက် အရင်နှစ်ထက် ပို များလာနိုင်တယ်လို့ သိရပါတယ်။
.
■ ရေလျှံမှုဖြစ်ပွားပြီး ၁၀ ရက်အကြာမှာ တရုတ်နိုင်ငံသား တစ်ဦးကို နီပေါ ဥမင်လှိင်ခေါင်းအတွင်းက
အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့
.
တရုတ် တိဘက်နဲ့ နီပေါနီစပ်မှာ ရုတ်တရက်
ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ၁၀ ရက်အကြာမှာ တရုတ် နိုင်ငံသား တစ်ဦးကို နီပေါ
မြေအောက်ဥမင်ထဲက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
.
#KBZTai #Shan #Broadcasting #News
No comments:
Post a Comment