တာချီလိတ်သို့ တစ်ပိုင်တစ်နိုင် ကုန်စိမ်း သယ်ယူမှုကို ထိုင်းဘက်က ပိတ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, September 19, 2026

တာချီလိတ်သို့ တစ်ပိုင်တစ်နိုင် ကုန်စိမ်း သယ်ယူမှုကို ထိုင်းဘက်က ပိတ်

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံဘက်မှ တစ်ပိုင်တစ်နိုင် ကုန်စိမ်းသယ်ယူမှုကို ပိတ်ပင် ထားသည်ဟု သိရသည်။

.

.

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အေးခဲအသားများအား မြန်မာဘက်က ရုတ်တရက် ဖမ်းဆီးပြီး တစ်ပိုင် တစ်နိုင်သာ သယ်ယူခွင့်ပြု၍ စီးပွားဖြစ် သယ်ဆောင်ခွင့် ပိတ်လိုက်ပြီးနောက် ထိုင်းဘက်က တစ်ပိုင်တစ်နိုင် ကုန်စိမ်း သယ်ယူမှုကို ယာယီ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်တွင် တစ်ပိုင်တစ်နိုင် ကုန်စိမ်းသယ်ယူသူ များလာပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာသည့်အတွက် ထိုင်းနိုင်ငံဘက်မှ ယာယီပိတ်ပင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

.

“တစ်ပိုင်တစ်နိုင် ကုန်စိမ်းသယ်သူတွေက တံတားပေါ်မှာ ကုန်တွေကဲ့ပြီးသယ်နေတော့ ယာဉ်ကြောပိတ်ဆို့ လို့ ထိုင်းဘက်က ပိတ်လိုက်တာ ဖြစ်ပါမယ်” ဟု တာချီလိတ် ဒေသခံတစ်ဦးက ပြောသည်။

.

တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ ဖြစ်သည့်အတွက် သားငါးနှင့် အသီးအရွက်များကို ထိုင်းနိုင်ငံဘက်မှ အများဆုံး တင်သွင်းစားသုံးကြခြင်းဖြစ်ပြီး ယခုကဲ့သို့ ရုတ်ရက် တင်သွင်းခွင့် ပိတ်ပင်ထားသည့် အတွက် အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ဒေသတွင်း အသားထုတ်လုပ်မှု ဖူလုံမှုရှိကြောင်း တာဝန်ရှိသူများက ပြောဆိုထားသည်။

.

“ဈေးကွက်မှာ အနည်းနဲ့အများတော့ ဈေးတက်တာ မှန်ပေမဲ့ သိပ်ဆိုးဆိုးရွားရွားတော့ မရှိပါဘူး။ စည်ပင် အပိုင်းအနေနဲ့ဆိုရင် ဝက်သားနဲ့ အမဲသားက ဖူလုံမှု ရှိပါတယ်။ ကျွန်တော်တို့ဆီမှာလည်း သားသတ် လိုင်စင်စီတွေ ရှိတဲ့အတွက်ကြောင့် အဲဒီထဲကနေ စီမံခန့်ခွဲ ဆောင်ရွက်ပေးနေပါတယ်။ တာချီလိတ်က လူဦးရေ များတဲ့အတွက် ချက်ချင်းကြီး အခုလို ဖြစ်သွားတော့ ပြောရတော့ ခက်တာပေါ့။ ပုံမှန်အတိုင်း ဆိုရင်တော့ အလုံအလောက် ဖြန့်ဖြူးပေးနိုင်ပါတယ်” တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

.

ထို့အတူ တာချီလိတ်မြို့ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကလည်း “တာချီလိတ်မှာ အသားစားကြက်က တပ်ရင်းတပ်ဖွဲ့လောက်ပဲ မွေးတာရှိတယ်။ အပြင်မှာ မွေးတာ မရှိဘူး။ ဒေသကြက် လောက်ပဲ ရှိတယ်။ ဝက်သားကတော့ ဖူလုံပါတယ်။ အသားစားကြက်ကတော့ ထိုင်းဘက်ကနေ ဝင်တာ အများဆုံး ဖြစ်ပါလိမ့်မယ်။ ဝက်နဲ့ အမဲသားက ဖူလုံပါတယ်။ ဝက်က မဖူလုံတာတော့ မဟုတ်ဘူး။ ဈေးနှုန်း အနည်းငယ် ကွာခြားချက်ရှိတာကြောင့် ဟိုဘက်က အဓိကဝယ်ကြတာပါ။ ထုတ်လုပ်မှုစရိတ်တွေ ကွာခြား တာ ကြောင့် ဖြစ်ပါမယ်” ပြောဆိုခဲ့သည်။

.

လက်ရှိတွင် တာချီလိတ်မြို့အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် ထိုင်းဘက်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးကြပ်မတ်မှုများ ရှိနေသည့်အတွက် ကုန်စည်ရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

.

No comments:

Post a Comment

Pages