တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၌ ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်၊ ညနေပိုင်းတွင် စိတ်ကြွမူးယစ်ဆေးဝါးများကို လွယ်အိတ်အတွင်း ထည့်၍ သယ်လာသည့် အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ
ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်တူ ညောင်ဖြူစခန်းရပ်ကွက်၊
နယ်မြေ(၇)၊ အောင်မေတ္တာလမ်းမပေါ်တွင် သတင်းအရ ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ်
ဖြိုးဝေအောင် (ခ) ဓနု လွယ်ထားသော လွယ်အိတ်အတွင်းမှ WY စာတမ်းပါလိမ္မော်ရောင် စိတ်ကြွမူးယစ်ဆေးဝါး ၆၀၀ ပြားကို တွေ့ရှိခဲ့ခြင်း
ဖြစ်သည်ဟု သိရသည်။
.
“ မနေ့ညက အမှုဖွင့်ထားပါတယ်။
ခရိုင်ဒနက သတင်းအရ ဖမ်းဆီးတာပါ။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ WY စာတမ်းပါလိမ္မော်ရောင် စိတ်ကြွမူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းမိခဲ့သည့်
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေ ဖြိုးဝေအောင် (ခ) ဓနု ကို
တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ
ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.

No comments:
Post a Comment