ကျောက်တလုံးကြီး ဆောင်းဖို့ရွာမှ အဖိုးတစ်ဦး ရွာမှ နှင်ထုတ်ခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, September 19, 2026

ကျောက်တလုံးကြီး ဆောင်းဖို့ရွာမှ အဖိုးတစ်ဦး ရွာမှ နှင်ထုတ်ခံရ

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၊ ဆောင်းဖို့ ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက သမင်ဖြူရောဂါ ဖြစ်ပွားနေသည်ဟု ဆိုကာ အသက် ၇၀ ကျော် အရွယ် အဖိုးအိုတစ်ဦးကို ကျေးရွာမှ နှင်ထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

အသက် ၇၂ နှစ်အရွယ် အဆိုပါ အဖိုးအိုကို ရွာသားအချို့က စုပေါင်း နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် ဒေသအာဏာပိုင်များက ကျေးရွာသို့ သွားရောက်ရှင်းပြခဲ့သော်လည်း လက်မခံဘဲ မောင်းထုတ်ရန် ဆန္ဒရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။

.

“အဖေ့မှာ ခရုသင်း/သမင်ဖြူရောဂါရှိနေလို့ ရွာပြင် ထွက်သွားခိုင်းနေကြတာပါ။ အဖေက ဒီရွာမှာမွေး၊ ဒီရွာ မှာပဲ ကြီးပြင်းခဲ့တာပါ။ အဖေက အိမ်ဝိုင်းအပြင်ဘက် မထွက်တာနှစ်အတော်ကြာပါပြီ။ ရောဂါဖြစ်တာလည်း နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ အရေပြားအထူးကု ဆရာဝန်ကြီးတွေနဲ့လည်း ပြသပြီးပါပြီ။ ဆရာဝန်ကြီးတွေ ဒီရောဂါက မကူးစက်တဲ့အကြောင်း လက်မှတ်လည်းထုတ်ထားပေးပါတယ်။ ဒါကိုရွာလူကြီးက လုံးဝ လက်မခံပါဘူး။ လောလောဆယ်တော့ အိမ်မှာပဲ ထားထားတယ်။ အိမ်ပြင်ကို ပေးမထွက်ရဘူးပေါ့” ဟု မိသားစုဝင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မောင်းထုတ်ခံရသည့် အဖိုးအိုသည် ယခင်ကလည်း ၂ ကြိမ် မောင်းထုတ်ခံရပြီးဖြစ်ကာ လက်ရှိတွင် အဖိုးအို ၏ နေအိမ်အား ကျေးရွာမှ သောက်သုံးရေနှင့် လျှပ်စစ်မီးများ ဖြတ်တောက်ထားသည့်အတွက် အဖိုးအို အပါအဝင် မိသားစုဝင်များ အခက်အခဲဖြစ်ပေါ်နေရသည်ဟု သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တလုံးကြီးမြို့မှ တာဝန်ရှိသူတစ်ဦးက “သမင်ဖြူက ကူးစက်ရောဂါ မဟုတ်ဘူး ဆိုတာကို ဆရာဝန်တွေနဲ့ သေချာ စစ်ဆေးပြီး သွားပြောပေးပါ တယ်။ ဥပဒေနဲ့ မညီဘူး၊ လူ့အခွင့် အရေးအရ ဒါတွေ လုပ်လို့မရဘူး ဆိုတာ သွားရှင်းပြပြီးပါပြီ။ PNO ကလည်း သွားရှင်းပြထားပါတယ်။ ဒါပေမဲ့ ရွာသားတွေက သူတို့ထုံးတမ်း ဓလေ့အရ မရဘူး၊ မောင်းထုတ်မှာပဲ ဆိုပြီး လုပ်တာထင်တယ်” ဟု ပြောသည်။

.

သမင်ဖြူရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်ခြင်း မရှိဘဲ ရောဂါဝေဒနာရှင်များကို ခွဲခြား ဆက်ဆံရန် မလိုကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက အကြံပြု ပြောဆိုထားသည်။

.

No comments:

Post a Comment

Pages