တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်တုံးပြိုကျ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, September 20, 2026

တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်တုံးပြိုကျ

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်

.

ရှမ်းပြည်နယ်မြို့တော် ‌‌တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး အနီးတွင် ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်၊ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားအိကျပြီး ကျောက်တုံးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် စက်တင်ဘာလ ၁၉ ရက်၊ ည ၁၀ နာရီခွဲ ခန့်က ပြည်နယ်သတ္တုတွင်း ဦးစီးဌာနရုံး၏ နောက်ကျောဘက်ရှိ တောင်ကြီးတောင်ပေါ်မှ လုံးပတ် ခန့်မှန်း ပေ ၅၀ ခန့်၊ တန် ၁၀၀ ခန့် အရွယ်အစားရှိ ကျောက်တုံး လိမ့်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်း ပြိုကျလာသော ကျောက်တုံးသည် ရှမ်းပြည်နယ် သတ္တုတွင်း ဦးစီးဌာနရုံး၏ ၁ ထပ်အဆောက်အဦအား ဝင်ရောက်တိုက်မိပြီး ပြိုကျပျက်စီးကာ BOC စက်သုံးဆီအရောင်းဆိုင် ခြံစည်းရိုးဘက်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

.


ကျောက်တုံးပြိုကျမှုနှင့်အတူ မြေသား၊ ရွှံ့များ၊ ကျောက်ခဲ၊ ကျောက်စရစ်များ ပြည်ထောင်စုလမ်းမကြီး ပေါ်သို့ ကျရောက်ကာ လမ်းပိတ်ဆို့မှုယာယီ ဖြစ်ပေါ်ခဲ့သော်လည်း တာဝန်ရှိသူများက စက်ယန္တရားများ အသုံးပြု၍ ရှင်းလင်း ဖယ်ရှားခဲ့သဖြင့် စက်တင်ဘာ ၂၀ ရက်၊ နံနက် ၀၀ နာရီ ၂၀ မိနစ် ခန့်တွင် ရှင်းလင်းပြီးစီးကာ လမ်းပြန်ပွင့်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ကျောက်တုံးပြိုကျမှုကြောင့် ပြည်နယ်သတ္တုတွင်းရုံး အဆောက်အဦ အပြင် ယင်းရုံးဝင်းအတွင်း ရပ်တန့်ထားသည့် Nissan Xtrail အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီးနှင့် Honda Fit အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုတ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးတွင်လည်း ယင်းနေရာ အနီး၌ တောင်ကြီးတောင်ပေါ်မှ ကျောက်တုံး ပြိုကျမှု ဖြစ်ပွားခဲ့သေးသည်။

.

No comments:

Post a Comment

Pages