ရှီကျင့်ဖျင်၏ အမေရိကန်ခရီးစဉ်မတိုင်မီ အမေရိကန် LNG အပေါ် တရုတ်အခွန်လျှော့ချရေး ဆွေးနွေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, September 19, 2026

ရှီကျင့်ဖျင်၏ အမေရိကန်ခရီးစဉ်မတိုင်မီ အမေရိကန် LNG အပေါ် တရုတ်အခွန်လျှော့ချရေး ဆွေးနွေး


အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ တရုတ်က အမေရိကန် LNG၊ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုအပေါ် ကောက်ခံထားတဲ့ အခွန်ကို လျှော့ချတာ ဒါမှမဟုတ် ဖယ်ရှားတာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ ဒီ ဆွေးနွေးမှုတွေနဲ့ နီးစပ်သူ ၂ ဦး ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

.

 ဒီအစီအစဉ်ဟာ စွမ်းအင်နဲ့ စိုက်ပျိုးရေးဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တစ်ရပ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန်ကို လာရောက်မယ့် အချိန်မှာ ကြေညာနိုင်ပါတယ်။

.

ဆွေးနွေးနေတဲ့ အစီအစဉ်အရ အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံစလုံးက တစ်နိုင်ငံကို ဒေါ်လာ ဘီလီယံ ၃၀ ဝန်းကျင်တန်ဖိုးရှိ ကုန်ပစ္စည်းတွေအပေါ် ကောက်ခံထားတဲ့ အခွန်တွေကို လျှော့ချနိုင်ဖို့လည်း ပါဝင် ပါတယ်။

.

 တရုတ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးမြှင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် LNG အပေါ် အခွန် ၁၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပြီး အဲဒီနောက် အမေရိကန်-တရုတ် LNG ကုန်သွယ်မှုဟာ ရပ်တန့်သလောက် ဖြစ်သွားခဲ့ပါတယ်။

.

အမေရိကန် LNG ထုတ်လုပ်သူတွေကလည်း အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် တည်ဆောက်နေတဲ့ LNG တင်ပို့ရေးစက်ရုံအသစ်တွေကြောင့် ထပ်တိုးလာမယ့် သဘာဝဓာတ်ငွေ့ အတွက် ဈေးကွက်အသစ်တွေ ရှာဖွေနေကြပါတယ်။ ၂၀၂၇ ခုနှစ်အထိ အမေရိကန်ရဲ့ LNG တင်ပို့နိုင်စွမ်းဟာ တစ်ရက်ကို သဘာဝဓာတ်ငွေ့ ကုဗပေ ၁၀ ဘီလီယံခန့် ထပ်တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

.

တရုတ်ဝယ်လက်တွေ အမေရိကန်ဈေးကွက်ကို ပြန်ဝင်လာမယ်ဆိုရင် အမေရိကန် LNG ထုတ်လုပ်သူ တွေအတွက် အဓိကဈေးကွက်တစ်ခု ထပ်ရလာနိုင်ပြီး လက်ရှိတည်ဆောက်နေတဲ့ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ကြိုးပမ်းနေတဲ့ စီမံကိန်းတွေအတွက်လည်း ဝယ်လိုအား ပိုမိုခိုင်မာလာနိုင်ပါတယ်။ အမေရိကန်မှာ လက်ရှိတည်ဆောက်နေတဲ့ LNG ထုတ်လုပ်နိုင်စွမ်း စုစုပေါင်း မက်ထရစ်တန် သန်း ၁၀၀ နီးပါးထဲက ၂၄ ဒသမ ၅ သန်းဟာ ရေရှည်ဝယ်ယူမယ့် ဖောက်သည်တွေနဲ့ စာချုပ်ချုပ်ဆိုထားခြင်း မရှိသေးပါဘူး။

.

ရုရှားက ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်ပြီးနောက် ဥရောပရဲ့ ရုရှားပိုက်လိုင်းဓာတ်ငွေ့ ရရှိမှုတွေ ထိခိုက်ခဲ့တာကြောင့် အမေရိကန် LNG တွေဟာ အာရှအစား ဥရောပဘက်ကို ပိုမိုရောက်ရှိလာခဲ့ပါတယ်။

.

အခုလက်ရှိ အမေရိကန်နဲ့ အီရန်ကြား အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်လည်း ကမ္ဘာ့စွမ်းအင်စီးဆင်းမှုတွေ ပြောင်းလဲလာပြီး အာရှမှာ LNG ကုန်တင်သင်္ဘောတွေအတွက် ပြိုင်ဆိုင်မှု ပိုများလာပါတယ်။

.

တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး LNG တင်သွင်းတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်ကတော့ ကမ္ဘာ့အကြီးဆုံး LNG တင်ပို့တဲ့နိုင်ငံဖြစ်တာကြောင့် နှစ်နိုင်ငံစလုံးအနေနဲ့ LNG ကုန်သွယ်ရေးဆက်ဆံမှုကို ပြန်လည်တိုးမြှင့်ဖို့ စီးပွားရေးအရ အကျိုးစီးပွားရှိနေပါတယ်။ အမေရိကန်အစိုးရအချက်အလက်တွေအရ တရုတ်ကို အမေရိကန် LNG တင်ပို့မှုဟာ ၂၀၂၄ ခုနှစ်မှာ သင်္ဘော ၆၄ စင်းရှိခဲ့ရာက ၂၀၂၅ ခုနှစ်မှာ တရုတ်က အခွန်သတ်မှတ်ပြီးနောက် လုံးဝနီးပါး ရပ်တန့်သွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ စံချိန်တင် သင်္ဘော ၁၃၁ စင်းအထိ ရှိခဲ့ပါတယ်။

.

ဒါပေမယ့် မကြာသေးခင်လတွေမှာ အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်း LNG တင်ပို့ရေးစက်ရုံတွေ က ထွက်ခွာလာတဲ့ ကုန်တင်သင်္ဘောတချို့ တရုတ်နိုင်ငံကို ရောက်ရှိလာတာ ဒါမှမဟုတ် တရုတ်ဘက်ကို ဦးတည်နေကြတာကို LSEG ရဲ့ သင်္ဘောသွားလာမှု အချက်အလက်တွေမှာ တွေ့ရပါတယ်။

.

 အမေရိကန်ရဲ့ LNG တင်ပို့မှုဟာ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း တစ်ရက်ပျမ်းမျှ ကုဗပေ ၁၇ ဒသမ ၄ ဘီလီယံ ရှိခဲ့ပြီး မနှစ်ကထက် ၂၃ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အမေရိကန် စွမ်းအင်သတင်း အချက်အလက်ဌာနက ပြောပါတယ်။

.

Ref – Reuters

No comments:

Post a Comment

Pages