❏ တောင်ကြီးမြို့၊ သဲကျင်းဂူဘုန်းကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွား
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ တောင်ကြီး-အေးသာယာအဆင်း ပြည်ထောင်စု လမ်းဘေးမှာရှိတဲ့ သဲကျင်းဂူ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်၊ နေ့လယ်ပိုင်း က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
.......................................................................
❏ တောင်ကြီး ရွှေဘုန်းပွင့်စေတီတော်တွင် သရုပ်ပျက် ဝတ်စားဆင်ယင်ခြင်းနှင့် ဆူညံ၊ ကခုန်ခြင်း မပြုရန် တားမြစ်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော် ရင်ပြင်ပေါ်မှာ သရုပ်ပျက် ဝတ်စားဆင်ယင်ခြင်းနဲ့ ဆူညံကခုန်ခြင်း မပြုရဖို့ ဂေါပကအဖွဲ့က သတိပေး တားမြစ်ထားတယ်လို့ သိရပါတယ်။
.......................................................................
❏ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ပြုလုပ်
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ အောက်တိုဘာလ ၉ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်မှာရှိတဲ့ ပြည်နယ် လေ့ကျင့်ရေး အားကစားရုံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment