❏ တောင်ကြီးတွင် လျှပ်စစ်မီတာခ ၂ လပေါင်း ကောက်ခံသည့်အတွက် ပေးဆောင်ရငွေ များပြားနေ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ လျှပ်စစ်မီတာခ တွေကို လစဉ်ပုံမှန် မီတာဖတ် ကောက်ခံခြင်း မပြုဘဲ ၂ လပေါင်းပြီး ကောက်ခံတဲ့အတွက် ပေးဆောင်ရတဲ့ငွေ များပြားပြီး အခက်အခဲဖြစ်ပေါ်နေရတယ်လို့ ဒေသခံ တွေစီကနေ သိရပါတယ်။
.
❏ မိုင်းပန်မြို့အဝင်ရှိ “We Love MongPan” ဆိုင်းဘုတ် ဖျက်ဆီးခံရ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အဝင်မှာရှိ တဲ့ “We Love Mongpan” အလှဆင်ဆိုင်းဘုတ် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်က ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
.
❏ တောင်ကြီးပညာရေးဒီဂရီကောလိပ်ကို ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်မည်
.
ယခုလာမယ့်ပညာသင်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ကနေ စတင်ပြီး တောင်ကြီးပညာရေးဒီဂရီကောလိပ်ကို တောင်ကြီး ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
No comments:
Post a Comment