တောင်ကြီးတက္ကသိုလ် အဝေးသင် ပအိုဝ်းကျောင်းသား/သူများ စုပေါင်း၍ မီးကြာလှည့်လည်ပူဇော် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, October 18, 2026

တောင်ကြီးတက္ကသိုလ် အဝေးသင် ပအိုဝ်းကျောင်းသား/သူများ စုပေါင်း၍ မီးကြာလှည့်လည်ပူဇော်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်တွင် ယနေ့ အောက်တိုဘာလ ၁၈ ရက်၊ ညနေပိုင်းက တောင်ကြီးတက္ကသိုလ် အဝေးသင် ပအိုဝ်းတိုင်းရင်းသား ကျောင်းသား/သူများ စုပေါင်း၍ မီးကြာလှည့်လည် ပူဇော်ခဲ့ကြကြောင်း သိရသည်။

.

.

ပအိုဝ်းတိုင်းရင်းသား ကျောင်းသား/သူ ၅၀၀ ဦးတို့က တောင်ကြီးမြို့, ရွှေရည်အေး (တောင်ကြား) လမ်းတွင် စုရပ်အဖြစ် လူစုပြီး စူဠာမုနိလောကချမ်းသာ စေတီတော်အထိ စီတန်းလှည့်လည်ကာ ဆီမီးပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

.

ပအိုဝ်းရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ် လူငယ်များအကြား ဆက်လက်ထိန်းသိမ်းနိုင်ရန် နှင့် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် စုပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ စုပေါင်း မီးကြာလှည့်လည်ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages