တောင်ကြီး-ဟိုပုံးလမ်းတွင် ကားတစ်စီးက ဆိုင်ကယ်ကိုဝင်တိုက်ပြီး ထွက်ပြေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 17, 2026

တောင်ကြီး-ဟိုပုံးလမ်းတွင် ကားတစ်စီးက ဆိုင်ကယ်ကိုဝင်တိုက်ပြီး ထွက်ပြေး

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်

.

ရှမ်းပြည်နယ်မြို့တော်‌ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်၊ ညပိုင်းက လူငယ်အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် ကို အမည်မသိကားတစ်စီးက ဝင်ရောက်တိုက်မိပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်နေ မျိုးမင်းထွန်း မောင်းနှင်ပြီး နောက်တွင် လွင်ကိုကိုဦး လိုက်ပါစီးနင်း လာသည့် ANBO-125 အမျိုးအစား ဆိုင်ကယ်သည် ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်၊ ည ၉ နာရီ ၁၅ မိနစ်ခန့်က တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်နေစဉ် အခင်းဖြစ်နေရာ အရောက်တွင် အမည်မသိ ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိပြီး အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူ မျိုးမင်းထွန်းတွင် နှာခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက်၊ ယာချို စောင်းဖု ရောင်သွေးထွက်၊ ဝဲလက်ပေါက်ပြဲ၊ ဝဲ/ယာမျက်လုံးသွေးထွက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ဆိုင်ကယ် အနောက်တွင် လိုက်ပါလာသူ လွင်ကိုကိုဦးတွင် ဝဲပေါင်ကျိုးဒဏ်ရာများ ရရှိကာ တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အခြားသူများအား ဒဏ်ရာရရှိအောင် မော်တော်ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်၍ ယာဉ်နှင့် ထွက်ပြေးတိမ်းရှောင်သွားနေသူ ယာဉ်မောင်းအား တောင်ကြီးမြို့မရဲစခန်း တွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌တောင်ကြီးမြို့၊ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး၊ ရှမ်းတောင်မှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိချေ။

.
[သတင်းဖြည့်စွက်ချက် - ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအနက် မျိုးမင်းထွန်းမှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ တွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နေ့လယ်ပိုင်း၌ ရရှိဒဏ်ရာများဖြင့် သေဆုံး သွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၄ ဖြင့် ပြောင်းလဲအမှုဖွင့်ထားကြောင်း သိရသည်။]
.

ဓါတ်ပုံ - ပေးပို့

.

No comments:

Post a Comment

Pages